(၃၀)

139 29 15
                                    

Unicode

တစ်စုံတစ်ဦးရဲ့နောက်ဆုံးထွက်သက်ကို စောင့်ကြည့်ဖူးလား? မျက်လုံးတွေကတစ်ဆင့်လေ~

အကယ်၍ အဲဒီမေးခွန်းအတွက် မင်းရဲ့အဖြေက 'Yes' ဆိုရင်...မင်းလဲ အဲဒီတစ်စုံတစ်ဦးရဲ့ စောင့်ကြည့်စရာပစ်မှတ်ဖြစ်နေလောက်ပြီပဲ။

.

ကိုယ်ပေါ်ရှိလက်ကျန်ရေစက်အချို့ကို သဘက်ပုဝါဖြင့်ပွတ်သုတ်နေစဥ် ကားလမ်းမပေါ်က သွေးသံရဲရဲမြင်ကွင်းကြီးက ခေါင်းထဲအဆက်အစပ်မရှိဝင်လာ၏။

'...မြင်ခဲ့တာကို ခေါင်းထဲကနေထုတ်ပစ်လိုက်တော့...ဟန့်အတွက်ပြောနေတာမို့ ကိုယ့်စကားကိုနားထောင် ဟုတ်ပြီလား?'

မျက်လုံးစုံမှိတ်လို့ ခေါင်းကိုခါယမ်းပစ်လိုက်တော့ ခေါင်းထဲကမြင်ကွင်းကြီး​က ထိုစကားအပိုင်းအစနှင့်အတူ လျင်လျင်မြန်မြန်ပြန်ပျောက်သွား၏။ ချည်သားဘောင်းဘီတိုကို ခပ်မြန်မြန်စွပ်လိုက်ပြီး သဘက်ပုဝါကိုပခုံးပေါ်လွှားတင်လိုက်ကာ ပစ္စည်းပစ္စယတို့ထည့်ထားသည့်ဇကာခြင်းကို လက်ကကိုင်လိုက်ချိန် ၊ တစ်ဖက်ဆီဘက်မှ ထွက်ပေါ်လာသည့် ခြေသံသည် လိုက်ကာကိုဆွဲဖယ်ရန်ပြင်နေသည့် ကျယ်ဟန့်၏လက်တို့ကို တုံ့နှေးသွားစေ၏။

ရေချိုးဆောင်ထဲ လူဝင်လာခြင်းသည် မထူးဆန်းသည့် ပုံမှန်ကိစ္စတစ်ခုဖြစ်သော်ငြား ထိုလူ၏ခြေသံကတော့ဖြင့် ထူးဆန်းလို့နေသည်။ ရေစိုဖိနပ်ကို စီးထားဟန်ရသည့် ခြေသံပိုင်ရှင်၏​ခြေနင်းသံတို့သည် တဗြိဗြိမြည်နေပြီး ၊ တစ်လှမ်းချင်းစီ ေဖြးဖြေးလေးလေးလှမ်းလာဟန်ရသည့်အသံကြီးသည် လိုက်ကာတစ်ဖက်ရှိကျယ်ဟန့်ကို နှလုံးခုန်မြန်လာစေသည်။

ဗြိ!  ဗြိ!  ဗြိ!

ရေချိုးပြီးခါစဖြစ်သည့်သူသည် လိုက်ကာကိုဆွဲရနိုး ၊ မဆွဲရနိုး ဆုံးဖြတ်ရခက်လာပြီး ၊ ချက်ချင်းဆိုသလို နဖူးပေါ် ချွေးသီးတို့ဝေ့သီလာ၏။

ဗြိ!  ဗြိ!

ခြေသံသည် ကျယ်ဟန့်ရှိရာလိုက်ကာရှေ့တွင် ရပ်တန့်သွားပြီး ၊ အဖြူရောင်လိုက်ကာစနောက်တွင် ခပ်မည်းမည်းအရိပ်တစ်ခုက ထင်ဟပ်နေသည်။

Backpackထဲက အရုပ်ကလေးNơi câu chuyện tồn tại. Hãy khám phá bây giờ