3

22.1K 1.2K 9
                                    


Unicode

တိတ်ဆိပ်သောလေထု၏အမှောင်ညကြီးဆိုးနေသော စက်မှုဇုံတစ်ခု၌ အမဲရောင်၀တ်စုံ၀တ်ထားသော Bodyguardများ၀န်းရံလျက်။

ထို၀န်းရံထားသော Bodyguardများအတွင်း သစ်သားထိုင်ခုံပေါ်တွင်ခြေချိတ်ထိုင်ကာ နိုင်ငံခြားဖစ်အကောင်းဆုံးဆေးလိပ်ကိုရူရှိုက်၍ သူ့ရှေ့ကသေလုဆဲဆဲလူအား အရသာခံကြည့်နေ၏။

အသက်၄၀ကျော်၀န်းကျင်ရှိသည့် သူသည် နားရွက်ပေါ်ဘေးဆံပင်မှ အနည်းငယ်ဖြူတာကလွဲလို့ ကျစ်လစ်သော ခန္ဓာကိုယ် အကြောစိမ်းများအပြိုင်းပြိုင်းထနေသော လက်နှစ်ဖက် စူးရှသော အကြည့်များက ၃၀ကျော်ပုဂ္ဂိုလ်တစ်ဦးလို့သာထင်ရသည်။ ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေတွက်တော့ ဒီလူကြီးဟာ သကြားဖေဖေ(Sugar Daddy)ဖစ်၏။

"ငါ့ကို လုပ်ကြံခိုင်းတာဘယ်သူလဲ"

အေးစက်စက်လေသံဖြင့်သာ 'လွှမ်းမိုးမုဏ်း' မေးနေသောလည်း လက်ကသေနတ်ကိုကိုတော့မချ...။

"ဦးလွှမ်း...ကျတော်...ကျတော်တကယ်မသိပါဘူးဗျာ ကျတော့သမီးလေး ဆေးရုံစရိတ်မရှိ‌လို့...ခိုင်းတာကိုလုပ်ရတာပါ..."

"ဟက်~~ ငါ့ကုမ္မဏီမှာသာ ဆက်လုပ်နေမယ်ဆို မင်းအခုလိုခွေးဘ၀ရောက်နေမှာမဟုတ်ဘူး!"

ဦးလွှမ်းအပြောကြောင့် ထိုသူခေါင်းသာငုတ်နေရ၏။ ဦးလွမ်းကုမ္မဏီကိုဆန့်ကျင်ပြီး 'သာပေါင်းညာစား' စကားနှင့်ညီ လုပ်မိလုပ်ရာလုပ်လိုက‌်ပေမဲ့ တကယ်တည်း သွေးသံတရဲရဲနှင့်လူက ခွေးဘ၀ရောက်နေပြီ

"ကျတော့ကိုမသတ်ပါနဲ့ဗျာ ကျတော့မှာ ကျတော့သမီးလေးဘဲရှိလို့ပါ ကျတော်သာ မရှိရင် ကျတော့သမီး..."

"ဟားဟား လူတွေမြန်းတယ်ခက်ပါလား ကိုယ်သာနေတုံးက နောင်တဆိုတာသတိမထားဘဲ ဟိုးအောက်ဆုံးကို ‌ရောက်‌မဲ့ချိန်ကျတော့ သေရမှာ ကြောက်ကျပြီပေါ့ ဆောက်ရေးမပါတာတွေ"

ဦးလွှမ်းသည် သူ၏သေနတ်အားမောင်းတင်ပြီး အရှေ့ရှိလူအား ပစ်ဖို့အလုပ်

"ဦး...ဦးလွှမ်း ခင်ဗျားကျတော့ကိုသတ်မယ်ဆိုရင်တောင် ကျတော့သမီးလေးကို မသတ်ပါနဲ့ တောင်းဆိုတာပါ"

MOUM{Completed}Where stories live. Discover now