ဇာတ်လမ်းမိတ်ဆက် [ Unicode ]

4.6K 207 5
                                    

[ Unicode ]

လောကကြီးမှာ မကောင်းသူ ကောင်းသူ ဆိုပြီး ခွဲခြားထားတတ်လေ့ရှိတယ် ။ ငယ်ငယ်ကတည်းက ကလေးတွေဟာ ပုံပြင်တွေ ၊ ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေကို နှစ်ခြိုက်ကြလေရဲ့ ။

ကလေးသူငယ်တွေရဲ့ ဦးနှောက်ကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ဆေးကြောပေးပြီး ၊ ကြီးလာတဲ့အခါ သူရဲကောင်းတွေအဖြစ် ကမ္ဘာကို အကျိုးပြုစေမယ်တဲ့ ။

ဒါပေမဲ့ ... ငါကတော့ ဆိုးသွမ်းတဲ့ ဗီလိန်လမ်းကို လျှောက်လှမ်းပါမယ် ။ လူတွေအမြင်မှာ ဆိုးသွမ်းပေမဲ့ ငါကိုယ်တိုင်အတွက်တော့ ငါဟာ သူရဲကောင်းပါပဲ ။

Original name : The Marionette villain's stage .

Althernative names :

ကြိုးဆွဲခံ ဗီလိန်၏ ဇာတ်ခုံ ။
MVS
Vallain Always Villain.
꼭두각시 악당의 무대
The stage of the puppet villain

**

Genre(s) : Fantasy , Historical , System , Trasmigration , reincarnation , Seinen , Shounen , Yaoi .

Tag(s) : Royalty , System , Westernisation , BL , Villain protagonist , Throne , Transmigrate to novel , Yankee , Magic , fantasy , Beast , Demon ..

STATUS : ONGOING

Start Date : December 8th , 2021.
End Date :
Total chapters :

****

[ PROLOGUE ]

{ ကြင်သူစံရန် ပုလ္လင်ထီးနန်း }

၎င်းဝတ္ထုမှာ အွန်လိုင်းမှတစ်ဆင့် လက်ဆောင်ရခဲ့သောစာအုပ်တစ်အုပ်ဖြစ်သည် ။ အလွန်နာမည်ကြီးသော Bromance ဝတ္ထုဖြစ်သည်ဟု ဆိုကြရာ ဆွန်းထယ်ယောင်းလည်း လက်ခံ၍ ဖတ်ရှုကြည့်ခဲ့၏ ။

Bromance ဆိုသည်ထက် ထိုသည်မှာ BL ဝတ္ထုကြီးတစ်ခုသာ ။ ဂျင်းကျွေးခံလိုက်ရသည်အား သိသွားသည့်တိုင် သူထိုဝတ္ထုအား လက်မှ မချချင်ဖြစ်ခဲ့၏ ။

သူ့တွင် အလွန်စိတ်ဆွဲနေသော ရောဂါတစ်ခုရှိသည် ။ ထိုသည်မှာ ဗီလိန်များအား အလွန်နှစ်ခြိုက်ခြင်းပင် ။ ငယ်စဉ်ကတည်းက အခြားသူများနှင့်မတူ ကွဲပြားလျက် ဗီလိန်များအား နှစ်သက်ခဲ့ရင်း ၊ ယခုတွင်ကျောင်းလူဆိုးလေးအဖြစ် နေထိုင်နေခြင်းဖြစ်သည် ။

ယခုစာအုပ်အား လက်မှမချချင်ရခြင်းအကြောင်းမှာ ထိုစာအုပ်ထဲမှ ဗီလိန်သည် သူ့အား ကလီစာ ၊ နှလုံး ၊ အူ ၊ အသဲတို့အား အန်ချမတတ် သွေးတက်လွန်းစေသောကြောင့်ပင် ။

မှန်သည် ။ ထိုဝတ္ထုထဲမှ ဗီလိန်ကောင်ဟူသည် ၊ အဓိက ဇာတ်လိုက် နှင့် အခြားသော ဇာတ်ကောင်များ အနိုင်ကျင့်သည်ကိုသာ ခံနေရသော ယုန်ပေါက်လေးနှင့် တူပေ၏ ။ ဗီလိန်ဟူသော ဂုဏ်အရှိန်အဝါအား လက်ကိုင်ဆွဲထားသောကြောင့် အေးစက်ကာ ၊ ခက်ထန်ရက်စက်သော အငွေ့အသက်တို့ပေးကာ အကြင်နာမဲ့ နှလုံးသားမရှိဟန်ပေါ်သော်လည်း ၊ ထိုဗီလိန်သည် မိသားစု၏ ကြိုးဆွဲမှု အစုံအား ခံနေရသော အိမ်ရှေ့စံတစ်ယောက်ဖြစ်နေသည် ။

ဗီလန်ဟူသည် ရည်မှန်းချက် တစ်ခုအားကိုင်ဆွဲကာ ထိုရည်မှန်းကြီးအား အကောင်ထည်ဖော်ရန် မည်သည်မဆို စတေး၍ ၊ ရက်စက်နေကြရသည် ။ သူတို့၏ ပျော်ရွှင်မှုအားရရှိရန် အရာအားလုံး ပေးဆပ်ကြသည် ။

သို့သော်လည်း ဤတွင်မူ ရည်မှန်းချက်ဟူ၍ ရေရေရာရာမရှိ ၊ ကြိုးကိုင်ခံနေရပြီးနောက် မကျေနပ်ချက်တို့ ပုံအောလာကာ ကောင်းကင်ဘုံဇာတ်လိုက်နှင့် ထိပ်တိုက်တွေ့ကြရင်း အဆုံးသတ်မလှဖြစ်သွားရှာသည် ။ အမှန်ပင် အိမ်ရှေ့စံ ၊ နန်းတက်မင်းသားသည် အဓိကဗီလိန်တော့ဟုတ်မနေချေ ။ ဤဝတ္ထုတွင် ဗီလိန်တို့သည် အပိုင်းတစ်ခုတိုင်းတွင် ဇာတ်လိုက်အား အကောက်ကြံကြရင်း မလှပသော နိဂုံးဖြင့် အဆုံးသတ်သွားကြခြင်းသာ ။

ဗီလိန်ချစ်သူကြီး ဆွန်းထယ်ယောင်းသည် သူ၏ နောက်ဆုံးအချိန်၌ပင် အဓိကဗီလိန်၏ အရိပ်အယောင်အား မသိလိုက်ရချေ ။ သူ့ခမျာ ဤအိမ်ရှေ့စံ​ကြောင့် ခေါင်းပေါက်မတက်ဒေါသထွက်ခဲ့ရ၏။

ထိုသည်သာမက သူ၏ နောက်ဆုံးအချိန်အား အဆုံးသတ်သွားပေးသူမှာ အနှီနန်းတက်မင်းသား York De Degurechaff ပင်ဖြစ်သည် ။

[ နတ်ဘုရား System နဲ့ ချိတ်ဆက်ပြီးပါပြီ ၊ အခုကစပြီး mission ၊ Task တွေ အတူလက်တွဲ လုပ်ဆောင်ဖို့မျှော်လင့်ပါတယ် ]

ဆွန်းထယ်ယောင်းတစ်ယောက် သွေးတက်လို့ပင် မပြီးသေးဘဲ ၊ သူသိလိုက်သည် ။ သူသည် အသုံးမကျသော ကြိုးဆွဲရုပ် အိမ်ရှေ့စံလေးဖြစ်သွားပြီပင် ။

****

အရှက်မရှိဘဲ အနားကို တကပ်ကပ်လုပ်ပြီး ၊ ပြဿနာရှာ အနှောက်အယှက်ပေးရတာကို အရမ်းသဘောကျတဲ့ အထက်ပုဂ္ဂိုလ် ML

X

အကြင်နာမဲ့ပြီး အေးစက်တဲ့ အောက်ပုဂ္ဂိုလ် MC

ဇာတ်လမ်းအကျဥ်း :

ဟန်ဆောင်ကောင်းတဲ့ အထက်လူကြီးက ဗီလိန်ကောင်ကို လှပတဲ့ စပရိုက်အကြီးကြီး တိုက်လိုက်တယ် ။

•••

The Marionette Villain's Stage 《 System 》 - DroppedWhere stories live. Discover now