Episode - 4(Unicode)

4K 294 0
                                    

Episode - 4💫
**စိမ်းပထမဆုံးအလုပ်ဆင်းရမည့်နေ့**
"စိမ်းအဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ပါပဲအန်တီ"
ဟူသောအသံချိုချိုလေးနှင့်အတူ သူမမြင်တွေ့လိုက်ရသည်ကား လှေကားများကိုတစ်ထစ်ချင်းစမတ်ကျကျဆင်းလာနေသည့်စိမ်း။စိမ်းသည် style pantအညိုရောင်ကို၀တ်ကာ ကုတ်အညိုရောင်ကို၀တ်ထားသည်မှာမသိလျှင်‌ဒေါ်မြတ်မြတ်ခင်သမီးဟုပင်ထင်ရအောင် အရှိန်အဝါကတောက်ပလွန်းလှသည်။သူမ၏ယောင်္ကျားဆန်ဆန်ဆံပင်လေးကို လက်နှင့်ထိုးဖွကာခေါင်းကိုရမ်းလိုက်ပုံလေးကလည်းရင်ထဲကနှလုံးသားများကိုလှုပ်ရမ်းနေသည်။၄၅နှစ်အရွယ်မိန်းမတစ်ယောက်ရဲ့အသည်းနှလုံးသားကို ၂၅နှစ်အရွယ်ချာတိတ်မလေးကကိုင်လှုပ်ခဲ့ပြီကော။သူမရင်ဘတ်ကိုဖိထားရင်း အိန္ဒြေပြန်ဆည်နေရသည်။သူမကြည့်နေသည်ကိုစိမ်းမြင်သွားလျှင် အရိုအသေတန်မည်ကစိုးသေးသည်။အကြည့်များကိုလွှဲလိုက်ပြီးလျှင် -

"စိမ်းရေ သွားကြစို့"

"ခဏအန်တီစိမ်း ဖိနပ်လေးစီးဦးမယ်"ဟုဆိုကာ ပေါ့ပေါ့ပါးပါး sneakerလေးကိုစီးကာသူမအတွက်ကားတံခါးလေးကိုဖွင့်ပေးလိုက်သည်။ပြီးလျှင်စိမ်းက ကားရှေ့ခန်းတွင်ထိုင်ရန်တံခါးကိုပြန်ပိတ်မည်အလုပ် -

"စိမ်း ဘယ်သွားမလို့လဲ"

"ကားရှေ့ခန်းမှာသွားထိုင်မလို့လေအန်တီ"

"အန်တီဘေးမှာလာထိုင်"

"အာ မဖြစ်ပါဘူး သူဌေးနဲ့အလုပ်သမားကတူတူထိုင်...."

"အန်တီထိုင်ဆိုထိုင်လိုက် လာ"ဟုစိမ်းလက်ကလေးကိုဆွဲကာကားထဲသို့ခေါ်လိုက်လေသည်။တစ်ခါတစ်ရံထိုအမျိုးသမီးမှာအံ့စရာပင်။အဆင့်အတန်းခွဲလျှင်လည်းအတွေးထဲထိအောင်လိုက်ခွဲပြီး သဘောကောင်း၍ လိုက်လျောလျှင်လည်း သူမှပင်ဟုတ်ရဲ့လားလို့နှစ်ခါပြန်ကြည့်ရသည့်အမျိုးသမီး။လူတစ်ကိုယ်နှင့်စိတ်နှစ်မျိုးဖြစ်နေသည့်ထိုအမျိုးသမီး။ပိုလို့ပင်နားလည်ရခက်။

Companyရောက်သောအခါ၀န်ထမ်းများက စိမ်းကိုအထူးအဆန်းသဖွယ်မျက်လုံးများနှင့်ဝိုင်းကြည့်နေရာ စိမ်းအနေခက်လှသည်။ထိုအခြင်းအရာကိုသိသောသူမက -

Guardian of the queen(Completed)Donde viven las historias. Descúbrelo ahora