အပိုင်း ၃

1 1 0
                                    

Unicode

နေရောင်ခြည်သည် မနက်ခင်းတစ်ခုကို ကိုယ်စားပြုရန်ထွက်ပေါ်လာသည်။

မနက်စောစော အချိန်တွင် သွမ်ယွင့်သည်သူ၏ပန်းဥယျာဉ်ထဲတွင်လမ်းလျှောက်နေသည်။ထိုစဉ်သူ့ပခုံးပေါ်သို့ နူးညံ့သောလက်ချောင်းလေးများကလာရောက်ဆုပ်ကိုင်လေသည်။
သွမ့်ယွင်နောက်သို့လှည့်ကြည့်လိုက်သောအခါရှင်းရန်ကသူ့အားပြုံးပြသည်။ပခုံးပေါ်မှရှင်းရန်၏လက်ကို ဆွဲယူလိုက်ပြီး လက်ချင်းချိတ်လိုက်သည်။

"ရှင်းရန်...မင်းနိုးလာပြီဘဲ...လာ..မနက်စာသွားစားမယ်"

ရှင်းရန်က ချိတ်ထားသောသွမ့်ယွင်၏လက်ကို ဖယ်ရင်း

"မစားတော့ဘူး...ငါပြန်တော့မယ်။ အခုနေသွားမှ ညနေလောက်ငါ့အိမ်ကိုရောက်မယ်.."
ဟုပြောလိုက်သည်။

"လောလှချည်လား...ကိစ္စတစ်ခုခုရှိလို့လား"

"မရှိပါဘူး...အိမ်မပြန်တာကြာပြီဆိုတော့ မြန်မြန်ပြန်ရောက်ချင်ရုံပါ"

သူတို့နှစ်ယောက်စကားပြောနေစဉ် ယွမ်ဖန့်က သူတို့ဆီသို့လျှောက်လာနေသည်ကို ရှင်းရန် လှမ်းမြင်လိုက်သည်။

သူ၏လုံးဝန်းသောမျက်လုံးများနှင့် ရှင်းရန် အကြည့်ချင်းစုံမိသည်။ယောကျာ်းလေးတန်မဲ့ နမ်းချင်စရာကောင်းသော ပန်းနုရောင်သမ်းနေသည့် နှုတ်ခမ်းလေးကို ကြည့်ပြီး မနေ့ညက ကိစ္စကို သတိရမိသည်။ ရှင်းရန်၏အတွေးကို သိနေသည့်အလား သူကနှုတ်ခမ်းထောင့်လေးကွေးနေအောင်ပြုံးပြလေသည်။

"ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား.."

သွမ့်ယွင်ကစကားစလိုက်သည်။

"အိပ်ပျော်ပါတယ်။အိမ်မက်လဲ...ကောင်းတယ်။"

ယွမ်ဖန့်က နှုတ်ခမ်းကို လက်ညိုးလေးနှင့်
ပွတ်ရင်းပြန်ဖြေတယ်။သူ့အမူအရာကြောင့် ရှင်းရန်၏မျက်မှာမှာ ပူရှိန်းရှိန်း ဖြစ်သွားသည်။

"ဟုတ်လား..ဘယ်လိုအိမ်မက်မျိုးလဲ.."

အမြဲတမ်းစပ်စုသော သွမ့်ယွင်က ထပ်မေးပြန်သည်။ ယွမ့်ဖန့် ဘက်မှ ပြန်မဖြေသေးခင်

A Growing LoveWhere stories live. Discover now