အပိုင်း ၁၀

2 1 0
                                    

Warning 18+++++အသက်မပြည့်သေးရင်မဖတ်ပါနဲ့

ခမ်းနားကြီးကျယ်သော စံအိမ်တစ်ခုနှင့် မလှမ်းမကမ်းတွင်အမျိုး သမီးတစ်ဦးရပ်နေသည်။ အမျိုးသမီးက ရွှေရောင်စာလုံးများဖြင့် ထင်ရှားစွာရေးထားသော စံအိမ်၏နာမည်ကိုနှုတ်မှရေရွတ် လိုက်သည်။

"ကျင်းစံအိမ်..."

ထို့နောက်သူမသည် စံအိမ်အနားသို့ လျှောက်သွားလိုက်ပြီး တံခါးတွင်စောင့်နေသော ရဲမက်တစ်ဦးကို

"မင်းသား ၃ နဲ့တွေ့ဖို့ရောက်လာတာပါ..."

ဟုပြောလိုက်သည်။

"ခင်ဗျားက ဟန်အထိန်းတော် လား.."

ရဲမက်ကပြန်မေးသည်။အမျိုးသမီးက ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်တော် လိုက်ပို့ပေးပါ့မယ်...ကြွပါ.."

ရဲမက်က ရှေ့ကနေဦးဆောင်ပြီး အမျိုးသမီးကို စံအိမ်အတွင်းသို့ခေါ်ဆောင်သွားသည်။

.......

ကျင်းစံအိမ် ရှိအခန်းတစ်ခု၌

"မင်းသား ၃....ဟန်အထိန်းတော်ရောက်

နေပါတယ်.."

"ဧည့်တွေ့ဆောင်ကို ခေါ်သွားလိုက်..."

ယိဟန်က အ၀တ်အစားတွေကို သပ်ရပ်အောင် ၀တ်ဆင်ရင်းအိပ်ယာပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်နေသော သွမ့်ယွင်ကို တချက်လှမ်းကြည့်လိုက်သည်။

"ချင်းချင်း..."

(ချင်းချင်း က ကျင်းစံအိမ်က အစေခံမိန်းမပျိုတစ်ဦး၏နာမည်ပါ။)

"ရှိပါတယ်..မင်းသား ၃"

"သွမ့်ယွင်နိုးလာရင် ငါအလုပ်ကိစ္စ ဆွေးနွေးနေတယ်လို့ ပြောထားပေး....ပြီးတော့သူလိုအပ်သမျှကို လုပ်ပေးလိုက်.."

"ဟုတ်ကဲ့ပါ..မင်းသား ၃"

လိုအပ်သည်များ မှာကြားပြီးနောက် ယိဟန်က ဧည့်တွေ့ဆောင်ဘက်သို့ထွက်လာခဲ့သည်။ အခန်းထဲသို့၀င်ရောက်လိုက်သည့်အခါ နံရံကို မျက်နှာမှုပြီး ရပ်နေသော အမျိုးသမီးတစ်ဦး

ကိုတွေ့သည်။

နံရံပေါ်တွင် တောတောင်ရေမြေသဘာ၀အလှများကိုဆွဲထားသည့် ပန်းချီကားတစ်ချက်ကို ချိတ်ဆွဲထားသည်။ထိုအမျိုးသမီးက ပန်းချီကားကို ကြည့်ပြီးကဗျာတစ်ပုဒ်ရွတ်ဆိုနေသည်။

A Growing LoveWhere stories live. Discover now