Unicodeသူငယ်ချင်းဆိုတဲ့ စည်းကို မဖောက်ဖျက် ရက်ပါဘူး ..
ဒါပေမယ့် ယွန်း ကို ချစ်တယ် ..
march 2 2012
"'မြန်မြန်လာ. လို့ "
" ချော်လဲဦးမယ် ယွန်းဂီ "
ဘုတ်
"တွေ့လား ငါမပြောဘူးလား."
"အား ဟွန့် "
မငိုပေမယ့် ရှုံ့မဲ့နေသော ယွန်းဂီ ကို ဆွဲကာ ထူပေးလိုက်သည်.။ ပြီးတော့ ကျောပြင်လေးကို ပုတ်ပေးပြီး.....
" ကျွတ် ဘယ်နေရာနာသွားလဲ?"
" ဒူး..နာတယ်'
Namjoon သူ့ ဘောင်းဘီ် အပြာရောင်လေးကို ဒူးထိခေါက်လိုက်တော့ နီရဲကာနေသည့် ဒူးလေးထက် သွေးတချို့နဲ့ ပွန်းပဲ့နေသည်.......။
" ခဏနေဦး....."
အနီးအနား ဆိုင်ရှိမလားကြည့်လိုက်သော်လည်းမတွေ့...
နောက်ဆုံးသူ့ ဘောင်းဘီအစကိုဖြဲ၍ ဒူးခေါင်းတွင်ချည်ပေးလိုက်သည်....။
" ဘာလုပ်တာလဲ?"
" တိုးတိုးနေ ငါလုပ်ပေးနေတယ် ရပြီ"
သူ့ဒူးပေါ်က Namjoon အဝတ်ကို အားနာစွာကြည့်ပြီး.........
" ကျေးဇူးပဲ...ဂျွန်း "
" ငါတို့က အခင်ဆုံးသူငယ်ချင်းတွေလေ....မလိုပါဘူး"
နမ်ဂျွန်းက ပြုံးပြလိုက်တော့ သူ့ရဲ့ပါးချိုင့်တွေ ပေါ်လာသည်...။
ယွန်းဂီ ပြောဖူးတယ်.....
ပါးချိုင့်တွေပါတဲ့ ဂျွန်းရဲ့ အပြုံးတွေက အဓိပ္ပါယ်ရှိတယ်တဲ့....။
• Best friend •
" အိုးးးးး အိုပါး ကင်မ် ဆော့ဂျင်...."
" ဆော့ဂျင်.Ssi ...."
တစ်ကျောင်းလုံးရဲ့ King ဖြစ်သူ, အချောဆုံး ကင်မ်ဆော့ဂျင် ဆိုသူ ကားထဲမှာ ထွက်လာသည်.....။
ယောကျားပီသသော မေးရိုး....ပန်းရောင်သန်းသော နုတ်ခမ်းထူထူများ....
အရပ်အမောင်း ပြောစရာမလိုအောင် perfect ဖြစ်လွန်းသည်.....။ ရုပ်ရည်ပဲလား?...
YOU ARE READING
You and Me ( THE BEST FRIENDS )
Fanfiction-The one who can't have happy ending and the one who didn't understand about himself . Zawgyi + Unicode