Unicode
ယွန်း... ကလေ ကျွန်တော့်ရဲ့ အခင်ရဆုံးသူငယ်ချင်း..
ကျွန့်တော့် ဘဝရဲ့ အချစ်ဦး..
တစ်နေ့နေ့ စွန့်လွှတ်ရမှာ ကြိုသိနေပေမယ့် ကျွန်တော် သတ္တိရှိရှိနဲ့ ချစ်ခဲ့ရတဲ့ သူလေး..
ဟိုးငယ်ငယ်တုန်းက နွေဦးလိုမျိူး ပူပူလောင်လောင် လေရူးတွေနဲ့စချစ်ခဲ့ပေမယ့်
အစ်ကို ဆော့ဂျင် နဲ့ သူအဆင်ပြေနေတာကို ကြည့်ပြီး နာနာကျင်ကျင်နဲ့ ကြည်နူးခဲ့ရတယ်.
တခြားသူကြောင့်သူပြုံးနေတာတွေကို တိတ်တိတ်လေး အဝေးကနေ ခိုးကြည့်ခဲ့ဘူးတယ်...
သစ်ပင်တွေ အောက်မှာ လှဲပြီး ကောင်းကင်ကြီးနဲ့ သဘာဝအလှကို တူတူငေးကြည့်ခဲ့တယ်..
ပြီးတော့ ပြီးတော့လေ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ရင်ခုန်စရာ လျှို့ ဝှက်ချက်လေးတစ်
ခုရှိခဲ့တယ်... အဲ့ဒီ တုန်းက တကယ့်ကို drama ဆန်ခဲ့တာပဲကျွန်တော် U.S ကို ရောက်လာတည်းက ယွန်းကိုသိပ်လွမ်းတယ်..
သူ့ အမူအရာတွေ , သူ့စကားသံတွေ , သူစိတ်ပူတတ်တာတွေ ..
ကျွန်တော်အခုဆို တစ်ယောက်တည်းအထီးကျန်တယ်လို့ခံစားရတိုင်း အမြဲတမ်း မျက်ရည်တွေ လည်နေတတ်ပြီလေ..
သူအနားမှာမရှိဘူး ဆိုတဲ့အသိက ကျွန်တော့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးစေတယ် . . . .
#Diary
အပြင်ဘက်ကို ငေးနေရင်း ကျွန်တော့်စိတ်ထဲ အပျော်နဲ့အတူ ရင်ဘတ်ထဲဆို့နင်မှုကိုပါ ခံစားလိုက်ရသည်......
ကုတင်ပေါ်ကဖုန်းကိုကောက်ကိုင်လိုက်ပြီး
" ဟယ်လို ! ယွန်း"
" နမ် နမ်ဂျွန်း မလား? "
" omm သူငယ်ချင်း "
" ငါ လွမ်းနေခဲ့တာ..."
ပြောရင်း ရှိုက်သံတွေကြားနေရတာကြောင့် ယွန်းဂီ ငိုနေပြီဆိုတာ သိလိုက်ပါပြီ..
" မငိုနဲ့လေကွာ..ငါ မနက်ဖြန် မင်းနဲ့တွေ့မယ် "
ချက်ချင်း ရွှင်သွားသော သူ့အသံ
YOU ARE READING
You and Me ( THE BEST FRIENDS )
Fanfiction-The one who can't have happy ending and the one who didn't understand about himself . Zawgyi + Unicode