Kim's Devil(Uni)

912 79 22
                                    

A/N:::

       ဦးဆုံးပြောချင်တာကတော့ ဒီဇာတ်လမ်းဟာ ကိုးရဲ့ စိတ်ကူးသက်သက်နဲ့ဖန်တီးထားတဲ့ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါတယ်...။ဒီဇာတ်လမ်းမှာပါတဲ့ ဘယ်အကြောင်းအရာကမှ တစ်ဦးတစ်ယောက်ကို ထိခိုက်စေလိုခြင်းမရှိပါဘူး...။စိတ်ကူးယဥ် ဝတ္ထုတစ်ပုဒ်ပေပဲမို့လို့ FicကိုFicလို့ပဲ မြင်စေချင်ပါတယ်...။

________________ :) ________________________

Uni
______

" ဘုရားးသခင်ရဲ့ နာမတော်တန်ခိုးနဲ့ မင်းကိုငါအမိန့်ပေးမယ် ဒီအိမ်ထဲကနေချက်ချင်းထွက်သွားပေးပါ "

လက်ထဲ၌ လက်ဝါးကပ်တိုင်ပုံပါသည့်ပုတီးအသေးလေးတစ်ခုကိုကိုင်ကာ သမ္မာကျမ်းစာတစ်ခုကိုရေရွတ်လို့ခပ်တိုးတိုးပြောနေတဲ့ ဖာသာတစ်ယောက်...။ရာသီဥတုက ဒီအခြေအနေကြောင့်ပဲ အုံ့မှိုင်းနေတာလား ရာသီအလိုက်ပဲအုံ့မှိုင်းနေတာလားတော့မသိပေမယ့် ကောင်းကင်ကြီးကတော့ မှိုင်းညို့ကာနေသည်...။လဝန်း၏အလင်းရောင် ဖြာနေသော်ငြား တိမ်စိုင်မဲမဲတစ်ချို့ကိုတော့ ထိုးဖောက်လင်းနိုင်ခြင်းမရှိချေ...။

တလက်လက်နှင့်လင်းလာတတ်သည့် ညမီးအိမ်လေးက အမှန်စင်စစ်တော့ပိတ်ထားခြင်းသာဖြစ်သည်...။လေပြင်းတွေတိုက်ခက်ခြင်းမရှိသော်ငြားစိုစွတ်မှုနှင့် အေးစက်မှုက တဖိန့်ဖိန့်...။

" ဘုရားသခင်ရဲ့နာမတော်နဲ့ "

" တော်စမ်းပါ...မင်းဘယ်လိုပဲပြောနေပါစေ..ငါကဘာမှမဖြစ်နိုင်ဘူး ဒီမိသားစုကိုငါဘာမှမလုပ်ဘူး ငါ့ကို ဖာသာကင်မ်ကိုသာခေါ်ပေးစမ်းပါ...အေးဆေးပြောစရာရှိတယ် "

ဘယ်ညာခြေလှမ်းကို ညီညာစွာလှမ်း၍လက်နှစ်ဖက်ကိုနောက်ပစ်ကာပြောနေသည့် လူသားလေလား မကောင်းဆိုးရွားလေလား...။လူလုံးပြကာ လမ်းလျှောက်နေသော်ငြား ကြမ်းပြင်ပေါ်တွင်တော့အရိပ်အယောင်ရှိမနေ...။နီရဲရဲမျက်ဝန်းတောက်တွေက တောက်လောင်ခါစမီးတောက်တစ်ခုနှယ် ဆွေးမြနေသည်...။

" ဟိုမိသားစု!! "

လက်ညှိုးကိုတန်းနေအောင်ထိုး၍ ထွက်လာသည့်ခေါ်သံကစူးခနဲ...။မာန်ပါလှသည့်အသံက ဟိန်းခနဲထွက်လာတာမို့ အခန်းနံရံထောင့်တစ်ခုတွင် စုနေကြပြီးတုန်ရီနေကြသည့်မိသားစုကြီးမှာ ခေါင်းကြီးသွားကြသည်...။

Kim's DevilWhere stories live. Discover now