Chapter-7(part-1)

173 24 0
                                    

(Unicode)
7_ဓားသွေးရွာ

ထိုနာမည်‌လေးတစ်ခုကို ကြားနိုင်ရန်အတွက် နေရာအနှံ့ခရီးဆန့်ကာ ရှာပုံတော်ဖွင့်ခဲ့ရသည်။

ရှန့်ချောင်မှာ သူ‌လာခဲ့ရသည့် ခရီးတစ်ခုလုံးလိုက်လံမေးမြန်းစုံစမ်းခဲ့သမျှ ကြားရသည်တိုင်းမှာ ထိုဓားသွေးစံအိမ်တော်ဆိုသည့်နေရာသည် ကျန်းနန်နယ်တစ်ဝှိုက်တွင်သာ ရှိလောက်ပါမည်ဟူသော စကားမှလွဲ ဘာမျှတိတိကျကျမစုံးစမ်းနိုင်ခဲ့ပေ။ ကျန်းနန်ဘက်သို့ရောက်လာပြန်သော်လည်း လွယ်လွယ်ကူကူမရှာဖွေနိုင်ပြန်ပါ‌ပေ။ သိုင်းလောကမှ မျိုးရိုးမြင့်မိသားစုများဆိုသည်မှာ လွန်စွာမှတင်းကြပ်သော စည်းကမ်းများရှိတတ်ကြ၏။ နဂိုမှလည်း လိုက်လံစုံစမ်းမေးမြန်းရာတွင် စကားပင်အပြောမတတ်လေသော ရှန့်ချောင်ကဲ့သို့ အပြင်လူတစ်ယောက်အား အလည်အပတ်မျှပင်ဖြစ်စေ လာခွင့်ပေး‌ရေးမပေးရေးအား ထည့်စဉ်းစားနေစရာမလိုပါချေ။

သို့သော် ကံကောင်းစွာဖြင့် သူတို့အား ဓားသွေးစံအိမ်တော်သို့ ချက်ချင်းပင်ဝင်ခွင့်ပေးလိုက်သည့် သခင်လေးဆိုသူနှင့် တွေ့ခွင့်ပေးခဲ့သည့် အနှီသနားစဖွယ် အကောင်ပေါက်လေး ချန်ဟိုင်ဖင်နှင့် ဆုံရကံပါခဲ့သည်လေ။

ဖုဝမ်ကျယ်မှ ရထားလုံးတစ်စီးယူလာဖို့ရာ အမိန့်ပေးလိုက်ပြီးနောက် ရှန့်ချောင်နှင့် ရှဲ့ယွင်တို့အား တရိုတသေဖြင့် ဖိတ်ခေါ်စေသည်။ ရထားလုံးအတွင်း၌လည်း သူတို့၏အဝတ်စိုများ ခြောက်သွေ့စေရန်အတွက် အပူပေးမီးလင်းဖိုလေးကိုပင် အသေအချာ ဖိုပေးလိုက်သေး၏။

တအိအိတလှုပ်လှုပ်နှင့် ထွက်လာခဲ့သော ရထားလုံးလေးသည် မြို့အပြင်လမ်းဆီသို့ ရောက်လာသည်နှင့် လမ်းနံ‌‌ ဘေးတစ်ဖက်စီမှ တစ်လျှောက်လုံး မြင်လာခဲ့ရသော လူနေအိမ်များမှာ တဖြည်းဖြည်းနှင့် ကျဲပါးလာပြီးလျှင် လှပသည့်တောင်တန်းရှုမြင်ကွင်းတို့က အစားထိုးဝင်ရောက်လာခဲ့ချေသည်။ ရှန့်ချောင်မှ သူ့နံဘေးရှိလိုက်ကာအားပင့်မ၍ အပြင်ဘက်သို့ကြည့်လိုက်သောအခါ သူတို့နှင့်သိပ်မဝေးလှတော့သောတစ်နေရာတွင် တောင်တန်းနှင့်မြစ်တို့အကြားမှ ခံ့ထည်လှပစွာတည်ရှိနေသော အိမ်ယာကြီးတစ်ဆောင်ကို မြင်တွေ့လိုက်ရ၏။

မြနဂါးရုပ် အမှတ်တော် (မြန်မာဘာသာပြန်) (ရပ်နား)Where stories live. Discover now