Taehyung တို့လဲ Jimin ပြန်လာတာသိသွားကြပြီဆိုတော့ သူတို့သူငယ်ချင်းအုပ်စု တစ်နေကုန် လျှောက်လည်ရန် စီစဥ်လိုက်ကြသည်။
"Hobi တို့ကိုလဲဝင်ခေါ်မယ်လေ"
"အေးအေး"
Coffee ဆိုင်မှ ထွက်ခဲ့ပြီး Yoongi, Taehyung နဲ့ Jimin တို့ Hobi ကိုသွားခေါ်ကြတော့သည်။
"ဖုန်းဆက်ထားတယ် လမ်းထိပ်မှာစောင့်မယ်တဲ့"
"အင်းအင်း"
"အရင်ဆုံးဘယ်ကိုသွားကြမလဲ"
"Club ရော"
"ဟာ clubကိုညကျမှသွားမှကောင်းတာလေ"
"အင်းနော့၊အာ့ဆိုရင် ရုပ်ရှင်သွားကြည့်မယ်လေ၊သရဲကားကြည့်ရအောင်"
သရဲဆိုရင် တုန်နေအောင်ကြောက်သော Jimin က သရဲကားကြည့်မယ်ဆိုပြီးပြောလေတော့
"ဟား ဟား ဟျောင့်Jimin မင်းသရဲဆိုရင်တုန်နေအောင်ကြောက်တာ၊ဟိုရောက်မှ သေးထွက်ကျနေအုံးမယ်၊ကြည့်လုပ်နော်။"
"လုပ်ပါဟာ ကြည့်ချင်လို့ပါနော်"
မျက်လုံးလေးကလယ်ကလယ်နှင့် နှုတ်ခမ်းလေးထော်ပြီး ပြောနေသော Jimin ကြောင့် Yoongi တစ်ယောက်အရည်ပျော်ရတော့သည်။
"အဟမ်း ပြီးတာပဲ"
"ဟီး တို့Yoongi လေးကချစ်ဖို့ကောင်းလိုက်တာနော်"
"သွားပါ၊တော်တန်တိတ်။"
တစ်ဖန် Jimin ချွဲသမျှ အရည်လိုက်ပျော်နေရသော Yoongi နှင့် ချစ်စရာကောင်းအောင် ချွဲပြနေသော Jimin တို့ကို တစ်ယောက်သောသူကမျက်မှောက်ကြီးကြုတ်ပြီးကြည့်နေလေရဲ့။
မင်းကိုချစ်မိသွားပြီး Ji။ ~~~
ခနကြာတော့ Hobi ပါကားပေါ်ရောက်လာပြီး သူတို့လေးယောက်ရုပ်ရှင်ရုံသို့ သွားလိုက်ကြသည်။
"Yoongi ahh သရဲကားနော်"
"အေးပါဆိုဟ"
နောက်တော့ သူတို့လေးယောက်ရုပ်ရှင်ရုံထဲဝင်ခဲ့ပြီး ထိုင်ဖို့နေရာယူနေကြသည်။Yoongi နဲ့ Hobi ကတူတူထိုင်ပြီး Jimin နဲ့ Taehyung ကတူတူထိုင်ကြသည်။
(သာသာပြောတဲ့ရုပ်ရှင်ရုံက ခုံတွေက ၂ယောက်ထိုင်လို့ရတဲ့ အရွယ်မလို့ သူတို့တွေ ၂ယောက်ထိုင်ကြတာပါနော်။အပြင်မှာမရှိလဲရေးပါတယ်လို့။သာသာ့စိတ်ကူးထဲပေါ်တဲ့ဟာလျှောက်ရေးတာမို့ပါ)
YOU ARE READING
နှောင်ကြိုး
Random"ကိုယ့်နှလုံးသားက မာကျောနေတာတောင် မင်းအပြုံးလေးတွေကြောင့် နူးညံ့သွားပြီး အချစ်ဆိုတာဖြစ်လာခဲ့တယ်" #Jeon Jungkook