စစဝင်လိုက်ခြင်း ကြားလိုက်ရတဲ့ မြူးကြွသောတေးသံတွေကြောင့် ကျွန်တော်ကခုန်ချင်နေခဲ့တယ်။ကျွန်တော်တို့လေးယောက်လုံးက အချောတွေဆိုတော့ ဝိုင်းကြည့်နေကြတာ မဆန်းပါဘူး။Clubထဲမှာရှိတဲ့ barတစ်ခုမှာ ဝင်ထိုင်လိုက်ပြီး နည်းနည်းပြင်းတဲ့ အရက်ကိုမှာလိုက်တယ်။အရက်ရောက်လာတော့ Teahyung ကအလိုက်တသိခွက်ထဲထည့်ပေးတယ်။သူတို့လဲခွက်ကိုယ်စီနဲ့သောက်နေကြပါပြီ။
တခနအကြာ~~~~~
Jimin မူးနေပါပြီ။ပါးစပ်ကလဲကရောင်ကတမ်းတွေလျှောက်ပြောကာ Hobi,Yoongi နဲ့ Taehyung ကိုရန်တွေလိုက်ရှာနေပါပြီ။ခနနေတော့ ကတဲ့ဘက်ကိုသွားကာ ဖင်တွေရောရင်တွေရောကော့လန်နေအောင်ကပါလေရော။ကရင်းကရင်းနဲ့ လူတွေကြားထဲရောက်သွားသောအခါ~~~~
"ဟင်"
ထိုလူ။ကျွန်တော်ချစ်တဲ့လူ။သူကကျွန်တော့ကိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေတယ်။ရှုပ်ထွေးနေတဲ့ လူအုပ်ကြီးထဲမှာ သူကအဖြူရောင် T shirt အရှည်ကလေးဝတ်ထားတာ ထင်းလို့ဗျာ။မူးနေတာတွေတောင်ဘယ်ရောက်ကုန်လဲမသိဘူး။
"လွမ်းနေခဲ့တာ"
တစ်ယောက်ထဲကြားနိုင်တဲ့ စကားလေးကိုရေရွတ်လိုက်ချိန် မျက်ဝန်းအိမ်မှ အရည်ကြည်များ စီးကျသွားလေတယ်။ဝမ်းနည်းလို့ကျတာဆိုရင်တော့မှားသွားလိမ့်မယ်၊ တကယ်တော့ ပျော်လို့ကျတဲ့ မျက်ရည်ပေါ့။ရင်ထဲ ကျေနပ်မှု၊ပျော်ရွှင်မှုတို့နဲ့ရောထွေးနေတဲ့ လှိုင်းလေးတစ်ခုထသွားခဲ့တယ်။ဝဲဘက်ရင်အုံကအကောင်ကလဲ တဒုတ်ဒုတ်နဲ့ခုန်နေတာ ရင်ဘက်ကြီးပွင့်ထွက်သွားမှာဆိုးလို့ လက်ကလေးနဲ့တောင်အုပ်ထားရတယ်။
"Jeon"
နာမည်လေးတစ်လုံးကိုတိုးတိုးလေး ရေရွတ်လိုက်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့မျက်ဝန်းများမှိတ်ကျသွားကာ အမှောင်ထုကြီးစိုးမိုးသွားခဲ့တော့သည်။
_____________
မှောင်မိုက်နေတဲ့ညဟာ လမင်းကြီးရဲ့ အကူအညီနဲ့ ထွန်းလင်းနေတယ်။လေပြေအေးလေးများတိုက်ခက်နေပြီး ပိုးကောင်လေးများ၏အော်သံဟာ တိတ်ဆိတ်တဲ့ညကို ဖြိုခွင်းထားတယ်။
YOU ARE READING
နှောင်ကြိုး
Random"ကိုယ့်နှလုံးသားက မာကျောနေတာတောင် မင်းအပြုံးလေးတွေကြောင့် နူးညံ့သွားပြီး အချစ်ဆိုတာဖြစ်လာခဲ့တယ်" #Jeon Jungkook