Part - 1

5.6K 259 45
                                    

Unicode

Beijingမြို့လည်ခေါင်ရဲ့ လူစည်ကားတဲ့ကော်ဖီဆိုင်တစ်ခု၏ ထောင့်စွန်းတစ်နေရာတွင် ကောင်လေးနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြပေမဲ့ မည်သူမျှစကားမဆိုမိကြ

တစ်ယောက်က ဆိုင်ဝန်ထမ်းဖြစ်ပုံရပီး အသက်ငယ်ငယ်နဲ့ အလုပ်ကြိုးစားပုံပေါ်သည်...ဝန်တမ်းကဒ်မှာရေးထားတဲ့ နာမည်နှစ်လုံးက ရှောင်းကျန့်လို့အမည်ရတယ်

တီရှပ်ခရမ်းရောင်လေးကို ဝတ်ဆင်ထားတဲ့အတွက် အသားညိုတာကိုသိသာစေပီး အပြုံးချိုချိုလေးတွေကြောင့် ထိုကောင်လေးအချိန်ပိုင်းလုပ်တဲ့အချိန်ဆို လက်မလည်အောင်ရောင်းအားကောင်းသည်

နောက်တစ်ယောက်ကတော့ နာမည်ကြီးbrand ခဲရောင်suitကိုဝတ်ဆင်ထားတဲ့အတွက် အသိုင်းအဝိုင်းကြီးထဲက ဖြစ်မယ်ဆိုတာ ခန့်မှန်းစရာမလိုပေ

ဒီလိုအခြေအနေ ကွာခြားလွန်းတဲ့ နှစ်ယောက်က ဘာအကြောင်းကိုများ ဆွေးနွေးစရာရှီလို့ အခုလိုတွေ့ဆုံနေကြရတာလဲ

ဆိုင်ဝန်ထမ်းကောင်းလေးက ထိုသူဋ္ဌေးလေးအပေါ် တစ်စုံတစ်ခု အမှားလုပ်မိလို့များ တောင်းပန်ခိုင်းနေတာလား

အဲ့လိုတွေးမယ်ဆိုရင်လည်း ဖြစ်နိုင်စရာမရှီပြန်ဘူး...ဘာကြောင့်လဲဆို ခုံပေါ်မှာ တစ်တန်းတည်းထိုင်နေတဲ့အတွက်ကြောင့်ပဲ

တကယ်ဆို ဝန်းတမ်းကောင်လေးက ကြမ်းပြင်ပေါ် ဒူးထောက် တောင်းပန်နေတာလည်း မဟုတ်တော့ ပိုဆိုးတာပေါ့

"ကျွန်တော့်ကို ဘာကိစ္စနဲ့ တွေ့ချင်ရတာလဲ?"

ထိုကောင်လေးက အမေးစကားဆိုလိုက်တော့ ရှေ့ကsuitအပြည့်ဝတ်ထားတဲ့ လူတစ်ယောက်က ကော်ဖီကိုတစ်ကြိုက်သောက်လိုက်ပီးမျက်လုံးချင်းစုံကာ အဖြေပြန်ပေးလာတယ်

"ငါ့နာမည်ကဝမ်ရိပေါ် ပါ...ဒီနှစ်ဆိုင်ကျော်Wang Companyရဲ့CEOတစ်ယောက်...ခုလိုတွေ့ရတာလည်း ကောင်လေးကို အကူအညီ တောင်းစရာရှီလို့ပါ"

အသံချိုချိုလေးနဲ့ အပိုအလိုမရှီပြတ်သားစွာ ပြောဆိုနေတဲ့ ရိပေါ် စကားဆုံးတော့ မျက်ခုံးပင့်ကာ အသိအမှတ်ပြုလာတာကြောင့် နည်းနည်းတော့ အင်တင်တင်ဖြစ်ရသည်

Problem ♣ *Completed*Where stories live. Discover now