Part - 2

4.2K 255 58
                                    

Unicode

မင်္ဂလာဦးအိပ်ခန်းထဲတွင် ရှောင်းကျန့်နှင့်ရိပေါ် ကုတင်စွန်းတစ်ဖက်စီ ထိုင်ကာ တစ်ယောက်မှ စကားမဆိုဖြစ်ကြပေ...နှစ်ယောက်သားရှက်ကိုးရှက်ကန်းဖြစ်နေတာကြောင့် ဘာကိုဘယ်ကစလုပ်ရမှန်း မစဥ်းစားတတ်

တိတ်ဆိတ်နေတဲ့ အခြေအနေကို မနေတတ်တာကြောင့် ရိပေါ်ကပဲ စတင်ဖြိုခွဲလိုက်သည်...စကားတွေအလွဲလွဲအမှားမှား မဖြစ်ဖို့ရာလည်း လက်အချင်းချင်း ဆုတ်နယ်နေရသည်

အေးစက်နေတဲ့ လက်နှစ်ဖက်စလုံးက ပထမဆုံးအကြိမ် သွေးသားနှီးနှောမှု့ကို ကြောက်ရွံ့နေကြောင်း သိသိသာသာဖော်ပြနေသည်

"အဟမ်း...ကောင်လေးရေချိုးရင် သွားချိုးတော့လေ...အကျီဝတ်စရာမရှီရင် ဗီရိုထဲက ငါ့အကျီကို ယူဝတ်ထားလိုက်...မနက်ကျမှပဲ လိုအပ်တာတွေ သွားဝယ်လေ အဆင်ပြေတယ်မလား"

ရှောင်းကျန့်လည်း စိတ်လှုပ်ရှားနေမှု့ကို ဖယ်ဖျောက်ရန် ဒီနေရာမှာ ဆက်မနေချင်တာကြောင့် ရိပေါ်ပြောတဲ့အတိုင်း ရေသွားချိုးလိုက်သည်

ရေချိုးပြီး အကျီဝတ်ဖို့ လူကြီးပေါက်စ ဗီရိုထဲကသူနဲ့အဆင်ပြေလောက်မဲ့ အကျီတစ်ထည်ကို ယူဝတ်တော့ လက်တောင်လျိုမရအောင် သေးသေးလေးဖြစ်နေသည်

နောက်တစ်ထည်များ ကြီးလေမလားဆိုကာ ရှာကြည့်တော့ ပိုတောင်သေးနေပြန်တယ်...တစ်ထည်ပီးတစ်ထည် ယူဝတ်ရင်း မတွေ့တော့တဲ့အဆုံး လူကြီးပေါက်စကိုပဲ တိုက်ရိုက်သွာမေးဖို့ ဆုံးဖြတ်လိုက်တော့တယ်

"အားးးးးး ဘာလို့ သဘက်တစ်ထည်ထဲ ပတ်လာတာလဲ"

မျက်လုံးကိုလက်နှစ်ဖက်နဲ့အုပ်ပြီး လက်ကြားထဲကနေ ချောင်းကြည့်နေတဲ့ မျက်နှာရဲရဲလေးက ချစ်ဖို့ကောင်းနေတယ်

ပါးဖောင်းဖောင်းလုံးလုံးကြီးက ရှက်သွေးဖြာနေတာကြောင့် ပန်းရင့်ရောင်သန်းနေပုံမှာ ဖြူဖြူနုနုအသားအရည်နှင့် လိုက်ဖက်ညီနေသည်

"ဟို ကျွန်တော်နဲ့တော်တဲ့ အကျီမရှီလို့"

"ဟင်? ရှာပြီးလို့လား"

"အကုန်ရှာပြီးပြီ မတော်ဘူး သေးသေးလေးတွေ"

"အွန်း အွန်း အာ့ဆို ငါကူရှာပေးမယ်"ပြောပီး ကုတင်ပေါ် ကထကာ အဝတ်ဗီရိုစီသွားဖို့ပြင်နေတဲ့အချိန် နောက်ကအသံကြောင့် ခြေလှမ်းတွေရပ်တန့်ကာ လှည့်ကြည့်မိလိုက်သည်

You've reached the end of published parts.

⏰ Last updated: Dec 11, 2021 ⏰

Add this story to your Library to get notified about new parts!

Problem ♣ *Completed*Where stories live. Discover now