Part2

131 26 11
                                    

" ဂယောင်ဆူး ဒီနေ့ညစာအဆင်ပြေရဲ့လား "

" ပြေတာပေါ့မင်းအများကြီးချက်ပြုတ်တတ်လာပြီ "

" နောက်ဆိုမင်းမပင်ပန်းအောင်ငါဝိုင်းကူချက်ပြုတ်ပေးမှာပါ ခုနကငါတမင်စလိုက်တာ "

" ရပါတယ်ဒီအလုပ်တွေကငါ့အတွက်မစိမ်းဘူးလေမင်းလည်းပင်ပန်းတာပဲကိုအမြဲငါ့ကိုပဲစဥ်းစားပေးမနေနဲ့မင်းကိုမင်းလည်းဂရုစိုက်ဘူး ငါ့အတွက်လည်းမင်းကျန်းမာနေဖို့အဓိကပဲ "

" အင်းပါဂရုစိုက်ပါတယ် ငါ့ကိုယုံလိုက် "

" ချန်းယောလ်မင်းမျက်နှာငါကိုင်ကြည့်ချင်တယ် "

- ချန်းယောလ်ဂယောင်ဆူးလက်​သေးသေးလေးကိုသူ့မျက်နှာပေါ်တင်ပေးလိုက်တော့မျက်နှာရဲ့နေရာအနှံကိုလိုက်ကိုင်ကြည့်ပြီး တစ်ခစ်ခစ်နဲ့ရီနေလေရဲ့ -

" ချန်းယောလ်မင်းမျက်လုံးတွေကတအားကြီးနေရော ဒါကပါးချိုင့်လားမင်းပါးချိုင့်လည်းပါတာပဲလား ဟောနားရွက်တွေကသာမန်ထက်ပိုမကြီးနေဘူးလားချန်းယောလ် ဒါပေမယ့်ငါသဘောကျတယ် "

- ချန်းယောလ်ပါးပြင်ပေါ်လက်သေးသေးလေးကိုဆုတ်ကိုင်ကာဂယောင်ဆူးကိုပြုံးပြုံးလေးနဲ့တစ်ဆိမ့်ဆိမ့်ကြည့်နေလေရဲ့ -

" ဂယောင်ဆူးငါတို့မနက်ဖြန်ဆေးရုံကိုသွားပြီးမျက်ကြည်လွှာအလှူရှင်ရှာကြရအောင်လား "

" ဘာလို့လဲငါ့ကိုပြုစုနေရတာစိတ်ညစ်နေပြီလား "

" မဟုတ်တာတွေပြော​ပြန်ပြီမင်းကိုဒီတိုင်းပဲငါမကြည့်နေနိုင်ဘူးလေ မင်းကအဆိုတော်တစ်ယောက်ဖြစ်ချင်တာကို မျက်စိအလင်းပြန်ရမှမင်းဖြစ်ချင်တာတွေဖြစ်လာမှာပေါ့ အဲ့အတွက်ငါတို့မျက်ကြည်လွှာရှာရမယ် ဂယောင်ဆူး "

" ငါကစလိုက်တာပါ မနက်ဖြန်သောကြာနေ့မို့လားငါတို့နှစ်ယောက်ဘုရားကျောင်းတတ်ပြီး Un Villageကိုမသွားခင်ဆေးရုံဝင်ကြမယ် နည်းနည်းနောက်ကျမယ်ဆိုတဲ့အကြောင်း ဆယ်ဟွန်းနီဆီဖုန်းကြိုဆက်ထားရအောင် ငါ့ကိုဖုန်းလေးခေါ်ပေးဦး "

" ဟဲလို ဆယ်ဟွန်းနီလား "

" အကိုဂယောင်ဆူးကျွန်တော်ဆယ်ဟွန်းနီဟုတ်ပါတယ် ဘာများဖြစ်လို့လဲ "

- Nothing Without You -Where stories live. Discover now