(Unicode)

893 65 6
                                    

Trapped In The Dream
Jikook (one short) fiction သည်
စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။

ခိုးခိုးခစ်ခစ်ရယ်သံလေး
နှစ်သက်ဖွယ်ရာ ရယ်သံသေးသေးလေးတွေ..
ကြားဖူးသမျှတွေထဲ အနူးညံ့ဆုံး အသာယာဆုံး
တေးသွားတစ်ပုဒ်လို..

ရယ်သံလေးတွေ
ကိုယ့်အနားကို ရောက်လာလိုက်..
ဝေးသွားလိုက်နဲ့..

လိုက်ရှာမိသည်။
တစ်ဘဝလုံးအတွက်သာမဟုတ်ဘဲ သံသရာတစ်လျှောက်လုံးအတွက် အကြားချင်ဆုံးရယ်သံလွင်လွင်လေး
တစ်ရက်မှမကြားရရင်ကို တစ်ခုခုလိုအပ်နေသလို
စွမ်းအင်တွေဘဲယုတ်လျော့သွားသလိုလို
စိတ်ထဲနေလို့မကောင်း။

တစ်နေ့လုံးစိတ်ပင်ပန်းထားတဲ့ရက်တွေမျိုးဆို
ဆွဲငင်နေတဲ့ရယ်သံလေးကြားမိရုံနဲ့တင်
စိတ်ပင်ပန်းမှုတွေဆိုတာကဘာလဲဆိုပြီး
မေးယူရတဲ့အထိ မေ့မေ့ပျောက်ပျောက်။

ဘယ်သူလဲ..
ကိုယ်စိတ်ကိုလွှမ်းမိုးထားနိုင်တဲ့ အသံပိုင်ရှင်လေး..

ဒါပေမယ့်
ဘယ်မှာလဲ..
ဘယ်မှာများပုန်းနေလဲကိုယ့်ရယ်သံလွင်လွင်လေးရယ်..

ရယ်သံလေးဘဲ..
ရယ်သံလေးတစ်ခုဘဲကိုယ်နဲ့ရင်းရင်းနှီးနှီးရှိတယ်
ကျန်တာဘာမှမသိဘူး
မင်းလေးနဲ့ပက်သက်ပြီးကိုယ်သိချင်တယ်
ကိုယ်ဆီကိုပေါ်လာပေးပါလား..
ကိုယ့်ရယ်သံလေးရယ်..

တစ်ခနအတွင်းမှာကို ပုံစံအမျိုးမျိုးပြောင်းနေသည်။
သစ်ပင်တွေအုပ်နေတဲ့တောနက်ကြီးရဲ့အလယ်ကိုရောက်လာလိုက်၊
​တစ်ခန်းလုံးအဖြူရောင်များဖြင့်အလှဆင်ထားတဲ့ အခန်းငယ်နွေးနွေးတစ်ခုထဲရောက်နေလိုက်။

ဘယ်နေရာရယ်မှန်းလည်းသေသေချာချာ ကွဲကွဲပြားပြားကိုမခံစားရ။
တူညီတာတစ်ခုကတော့ ကိုယ့်ကိုစွဲငင်နေတဲ့ရယ်သံလေးတွေဘယ်​​နေရာကိုဘဲရောက်ရောက်
ဖြစ်တည်နေတာတော့ အမြဲလိုလိုကြားနေရသည်။

တောနက်ကြီးထဲမှာ ရယ်သံလေးတွေနောက် ခြေဗလာဖြ​င့်သာလိုက်နေမိသည်။
လိုက်ရှာနေရင်းနဲ့ပင် ထိုရယ်သံခပ်လွှလွှလေးသည် ပျောက်ချင်းမလှပျောက်သွားရှာသည်။

𝑻𝒓𝒂𝒑𝒑𝒆𝒅 𝑰𝒏 𝑻𝒉𝒆 𝑫𝒓𝒆𝒂𝒎 (One short)Where stories live. Discover now