Trapped In The Dream
Jikook (one short) fiction သည်
စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ခိုးခိုးခစ်ခစ်ရယ်သံလေး
နှစ်သက်ဖွယ်ရာ ရယ်သံသေးသေးလေးတွေ..
ကြားဖူးသမျှတွေထဲ အနူးညံ့ဆုံး အသာယာဆုံး
တေးသွားတစ်ပုဒ်လို..ရယ်သံလေးတွေ
ကိုယ့်အနားကို ရောက်လာလိုက်..
ဝေးသွားလိုက်နဲ့..လိုက်ရှာမိသည်။
တစ်ဘဝလုံးအတွက်သာမဟုတ်ဘဲ သံသရာတစ်လျှောက်လုံးအတွက် အကြားချင်ဆုံးရယ်သံလွင်လွင်လေး
တစ်ရက်မှမကြားရရင်ကို တစ်ခုခုလိုအပ်နေသလို
စွမ်းအင်တွေဘဲယုတ်လျော့သွားသလိုလို
စိတ်ထဲနေလို့မကောင်း။တစ်နေ့လုံးစိတ်ပင်ပန်းထားတဲ့ရက်တွေမျိုးဆို
ဆွဲငင်နေတဲ့ရယ်သံလေးကြားမိရုံနဲ့တင်
စိတ်ပင်ပန်းမှုတွေဆိုတာကဘာလဲဆိုပြီး
မေးယူရတဲ့အထိ မေ့မေ့ပျောက်ပျောက်။ဘယ်သူလဲ..
ကိုယ်စိတ်ကိုလွှမ်းမိုးထားနိုင်တဲ့ အသံပိုင်ရှင်လေး..ဒါပေမယ့်
ဘယ်မှာလဲ..
ဘယ်မှာများပုန်းနေလဲကိုယ့်ရယ်သံလွင်လွင်လေးရယ်..ရယ်သံလေးဘဲ..
ရယ်သံလေးတစ်ခုဘဲကိုယ်နဲ့ရင်းရင်းနှီးနှီးရှိတယ်
ကျန်တာဘာမှမသိဘူး
မင်းလေးနဲ့ပက်သက်ပြီးကိုယ်သိချင်တယ်
ကိုယ်ဆီကိုပေါ်လာပေးပါလား..
ကိုယ့်ရယ်သံလေးရယ်..တစ်ခနအတွင်းမှာကို ပုံစံအမျိုးမျိုးပြောင်းနေသည်။
သစ်ပင်တွေအုပ်နေတဲ့တောနက်ကြီးရဲ့အလယ်ကိုရောက်လာလိုက်၊
တစ်ခန်းလုံးအဖြူရောင်များဖြင့်အလှဆင်ထားတဲ့ အခန်းငယ်နွေးနွေးတစ်ခုထဲရောက်နေလိုက်။ဘယ်နေရာရယ်မှန်းလည်းသေသေချာချာ ကွဲကွဲပြားပြားကိုမခံစားရ။
တူညီတာတစ်ခုကတော့ ကိုယ့်ကိုစွဲငင်နေတဲ့ရယ်သံလေးတွေဘယ်နေရာကိုဘဲရောက်ရောက်
ဖြစ်တည်နေတာတော့ အမြဲလိုလိုကြားနေရသည်။တောနက်ကြီးထဲမှာ ရယ်သံလေးတွေနောက် ခြေဗလာဖြင့်သာလိုက်နေမိသည်။
လိုက်ရှာနေရင်းနဲ့ပင် ထိုရယ်သံခပ်လွှလွှလေးသည် ပျောက်ချင်းမလှပျောက်သွားရှာသည်။
YOU ARE READING
𝑻𝒓𝒂𝒑𝒑𝒆𝒅 𝑰𝒏 𝑻𝒉𝒆 𝑫𝒓𝒆𝒂𝒎 (One short)
Fanficminkook /Jikook(One Short) စာရေးသူ၏စိတ်ကူးယဥ်ရေးဖွဲ့ခြင်းသာဖြစ်ပါသည်။