Unicode
၁လရှိပီDarling....
ကျနော်နေ့ရက်တိုင်းအချိန်တိုင်းစက္ကန်းတိုင်းကိုရေတွက်ပီးစောင့်မျှော်နေတုန်းပဲ
နောက်၃ရက်နေရင်ကျနော်တို့စတွေ့တဲ့အချိန်လေးကိုရောက်တော့မယ်
ဒါပေမယ့်Darlingကအဲ့အချိန်တွေကိုမှမမှတ်မိဘဲ.....ကျနော်တိတ်ဆိတ်လိုက်ဖို့ပဲရွေးချယ်ရတော့မယ်ထင်ပါရဲ့.....
ဒေါက်..!ဒေါက်..!
ကားတံခါးခေါက်သံကြောင့်ကြည့်လိုက်တော့ဟိုတခါတွေ့ခဲ့တဲ့Darlingတို့ကျောင်းကကျောင်းအုပ်ကြီး
ဟောပြောပွဲလေးတက်ပေးပါတဲ့
ပုံမှန်ဆိုကျနော်ဒီလိုအရာတွေအတွက်အချိန်မပေးနိုင်ဘူး
ဒါပေမယ့်ချစ်ရသူရှိနေတယ်ဆိုတဲ့အတွေးကရှိသမျှအလုပ်တွေအကုန်ဖျက်ပီးလာခဲ့ဖို့လုံလောက်ပါတယ်
ကျနော်စင်ပေါ်မှာစကားတွေပြောနေမယ့်အချိန်အရိပ်လေးတခုကစင်အောက်မှာရှိနေမယ်ဆိုရင်ကျနော်အရမ်းပျော်မယ်...
ရိပေါ်ဟောပြောပွဲခန်းမထဲ၀င်သွားလိုက်တယ်
ကျောင်းသားတွေတောင်စုံနေရောပေါ့
စင်ပေါ်မှာစကားပြောနေချိန်တလျှောက်လုံးမှာသူလေးကိုကျနော်ရှာနေမိတယ်
ဟော....တွေ့ပီ
အဖြူရောင်လေးနဲ့ကျနော့်ချစ်ရသူ...
သူ့ကိုကြည့်မိတော့အပြုံးလေးတပွင့်နဲ့နှုတ်ခွန်းဆက်တယ်
တဆိတ်...!ဘေးနားကကောင်မလေးကိုလက်တွဲထားလေသလား...?
ကျနော်အမြင်မှားတာပဲဖြစ်မှာပါ
မျှော်လင့်ပါတယ်...ပွဲပီးသွားချိန်မှာနေ့လည်စာစားချိန်တောင်ရောက်လို့နေပီ
Darlingကမနက်ကရင်းပြောသွားတယ်
နေ့လည်စာတူတူစားကြမယ်တဲ့
ပီးတော့ပြောစရာလဲရှိတယ်ဆိုလား...ကျနော်နဲ့Deveခန်းမထဲကထွက်လာတော့darlingအပါအ၀င်ဟောက်ရွှမ်း၊ယွီပင်းနဲ့Rinaတို့ကစကားဝိုင်းဖွဲ့ရင်းစောင့်နေကြပီ
![](https://img.wattpad.com/cover/280865066-288-k675647.jpg)
YOU ARE READING
🔞...OMG!HE IS A MAFIA!...🔞[Completed]
Fanficပထမနှစ်ကအချေတလိုင်းကိုတတိယနှစ်ကျောင်းသားတယောက်ကchallengeအနေနဲ့ချဥ်းကပ်ခဲ့တဲ့အခါ...... #Mature on🔞 #18+🔞 Let's go...... (18နှစ်မပြည့်သူများ18ခါဖတ်ပါ)