Part 24

289 28 3
                                    


ရင်ထဲကပန်း

အပိုင်း(၂၄)

#ရင်ထဲကပန်း

10120444

“လပြည့်…”

“ဟင်..”

“ငါ…ဗိုက်ဆာတယ်..ညကတည်းက ဆာနေတာ…”

ပိုးပိုး ဆီက ထူးထူးဆန်းဆန်း ဆာသည်ဆိုတဲ့ စကားသံ ထွက်လာတော့သည်။

လပြည့် နာရီကို တစ်ချက်ကြည့်မိသည်။

မနက်ရှစ်နာရီ ဖြစ်နေပြီ..။

ညတုန်းက လူနာစောင့် အဖြစ် ပိုးပိုး ဘေးမှာပဲ ငုတ်တုတ်ထိုင် အိပ်ရသည်။

နှစ်ယောက်စလုံး ညစာ မရှိ..။

မနက်တောင် ရောက်ပြီဆိုတော့ ဘာစားလို့ရမလဲ မေးရဦးမည်။

လပြည့် ထိုင်ရာက ထရပ်လိုက်သည်။

ပိုးပိုး ဘေးမှာ အိပ်ပျော်နေတဲ့ ကလေးလေး ကို တစ်ချက်မိသည်။

ဆရာမတွေက အသားဖြူတယ်လို့ပြောပေမဲ့ လပြည့် စတွေ့တုန်းကဆို နီပြီး အသားလေးတွေ ရှုံ့နေတာ  ကြွက်ပေါက်စလေးနဲ့ ပိုတူသည်။

အမေတူ သမီးလေးတဲ့ ကြီးလာရင်ချောဦးမှာတဲ့..။

လပြည့်ကတော့ ဘယ်လို ကြည့်ကြည့် ပိုးပိုးနဲ့ တူတာ တစ်ခုမှကို မတွေ့ပါဘူး..။

စိတ်သာ သွားတူနေရင်တော့ သွားပြီ..။

ကိုယ့်သားသမီး ဆိုပြီး စိတ်ကူးယဉ် ကြိုတင် ပြင်ဆင်မထားမိတော့ ကလေး တစ်ယောက် မွေးလာတာလည်း ခုန်ပေါက်ပြီး ပျော်ရလောက်အောင် မခံစားတက်ဘူး ဖြစ်နေသည် ..။

ကလေးလေးကို စတွေ့တုန်းကတော့ ပျော်သလိုလို ရင်တုန်သလိုလို ငိုချင်သလိုလို ဖြစ်ခဲ့သေးသည်။

ဘာပဲဖြစ်ဖြစ် ချောချောမောမော လူလောက ထဲ ရောက်လာတာကိုပဲ ကျေးဇူးတင်ရမည်။

အမေက သတ်မယ်တကဲကဲ လုပ်နေတော့ သူ့ခမျာလည်း ဒုက္ခ..။

လူလောကထဲရောက်တာ နှစ်ဆယ့်လေးနာရီတောင် မပြည့်သေးသည့် ကလေးလေးကို ကြည့်ရင်း ပြုံးမိသည်။

“ဗိုက်ဆာလို့ပါဆို..”

“သြော်…အေးပါ…ကလေးမွေးထားလို့ ဘာမှ မကျွေးတာလား မသိဘူး..နှစ်ဆယ့်လေးနာရီ မပြည့်သေးဘူးလေ…”

ရင်ထဲကပန်းWhere stories live. Discover now