Part 28

260 23 3
                                    

 
ရင်ထဲကပန်း

အပိုင်း(၂၈)

#ရင်ထဲကပန်း

10150233

“ရှုး…ဒီဒီ အိပ်နေတယ်နော်…”

ပိုး ရင်ခွင်ထဲက သမီးကို ငုံ့၍ ပြောလိုက်ကာ အခန်းပြင်ခေါ်လာခဲ့လိုက်ရသည်။

မနက်စာ အတွက် ပြင်ဆင် နေလက်စမို့ သမီးကို တွန်းလှည်းလေးထဲ ထည့်လိုက်သည်။

“မောနင်း..သမီးလေး…ဘာစားချင်လဲ…”

"အဲ့…”

"အဲ့…အဲ့…စားမှာလား…အဟွင်း…မာမား အလုပ်လုပ်ဦးမယ်နော်…ခဏလေး…သွန်းလေးက လိမ်မာတယ်ဟုတ်…”

“……….”

မနက် အိပ်ရာထထချင်း လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးထားတာမို့ ပိုး စိတ်တွေက ပေါ့ပါးကာ လန်းဆန်းနေသည်။

ပိုး မနက်စာ အတွက် အသီးတွေ လှီးစိတ်နေရင်း ပြုံးမိပြန်သည်။

ညတုန်းက ပိုး က လှကြောင်း ချစ်စရာကောင်းကြောင်းတွေ တဖွဖွ ပြောခဲ့သည်။

ပိုး တွေ့ဖူးခဲ့သမျှ ထဲမှာ ညတုန်းက  သူက အနူးညံ့အကြင်နာ တက်ဆုံး ပါပဲ..။

ပိုး ကို မချစ်ရဲပေမဲ့ သူ သတိထားနေပေမဲ့ အရမ်းကြီး ချစ်မိသွားခဲ့တာတဲ့..။

သူ့ကို ထားမသွားပါနဲ့လို့လည်း တောင်းပန်သေးသည်။

မမူးပဲပြောတာဆိုတော့ တကယ့်စိတ်ရင်းပေါ့လေ…။

ပိုး အသံထွက် ရယ်မိကာ အသီး ပန်းကန်ကို စားပွဲပေါ် ချလိုက်သည်။

သူ့အတွက် ကော်ဖီ ဖျော်ရသလို  ပိုး အတွက်လည်း ပေါင်မုန့် မီးကင်ထားရသည်။

“အဲ့…အဲ့…”

“သြော်…သမီးရယ်…ခဏလေးပါ…”

မနက် ခြောက်နာရီကတည်းက အ၀တ်လျှော် အိမ်သန့်ရှင်းရေး လုပ်ထားပြီမို့ အလုပ်က  ကုန်သလောက် ဖြစ်နေပါပြီ..။

ပိုး လုပ်လက်စတွေကို ရပ်လိုက်ကာ ငိုနေတဲ့ သမီးကို လှည်းထဲက ထုတ်ချီလိုက်ရတော့သည်။

“မာမား သမီးလေး ဘာလို့လဲ…ဗိုက်ဆာပြီလား..”

“………..”

ရင်ထဲကပန်းWhere stories live. Discover now