Episode-14

108K 9.2K 1.3K
                                    

Unicode

လက်ဖျံမှ သွေးများ တစိမ့်စိမ့် ထွက်လာသောကြောင့် ဘုန်းဘေဘီ ကြောင်ပြီး ကြည့်နေမိတယ် ။

"ဘုန်းဘေဘီ "

အရင်တုန်းကလည်း သု့လက်ထဲမှာ ဒီကလေးလေး ဒဏ်ရာအကြီးအကျယ်ရပြီးအသက်ဆုံးရှုံးရတော့မလိုဖြစ်သွားတာမလား ။

အဲ့ဒီအချိန်တုန်းကဆို ဘုန်းဘေဘီ ရူးမတတ်ဖြစ်သွားရတာ ရင်ခွင်ထဲက သုံးနှစ်သားလေးကို
ကြည့်ပြီးတော့လေ။

" ဘုန်းဘေဘီ "

နှစ်ခါတောင် လေ ကံကောင်းလို့ ဘာမှမဖြစ်သွားတာ ။

သွေးတွေနဲ့ ပေကျံနေတဲ့ မျက်နှာနုနုလေးကိုပြန်မြင်ယောင်လာတာမို့လက်တွေပါတုန်ရီလာသည်။

" ခင်ဗျား ဘာဖြစ်နေတာလဲ "

သူဘယ်လောက်ခေါ်ခေါ် ဘုန်းဘေဘီက မကြားတဲ့အပြင် သွေးထွက်နေတဲ့လက်ဖျံကိုသာစိုက်
ကြည့်ပြီးမျက်လုံးတွေကလည်း ဂဏာမငြိမ်ဖြစ်ကာ လက်တွေတုန်ရီလာတယ်။

အခြေနေကဘာမှန်းမသိ၍  Leo ထိုင်ရာမှထကာ ဘုန်းဘေဘီ ဘေးနား အမြန်ရွှေ့ထိုင်လိုက်ရသည်။

"ဘာဖြစ်လို့လဲ  ကျုပ် ဘာမှ မဖြစ်ဘူး ဘုန်းဘေဘီ  !!! "

ပြန်မဖြေလာ ဘုန်းဘေဘီ ဘာဖြစ်နေတာလဲ ။

" ဘုန်းဘေဘီ     !!!!! "

" အမ် ဟမ် ကိုယ် ဘာမှမဖြစ်ဘူး Leo "

နောက်ဆုံး ကြီးမြတ်ကုဋေချီ သူ့ပုခုံးနှစ်ဖက်ကိုအားနဲ့ဆုပ်ကိုင်ကာအော်လိုက်တော့မှ သတိပြန်ဝင်လာတယ်။

" ခင်ဗျား "

" ကိုယ် အခန်းထဲမှာ ဆေးသေတ္တာ သွားယူလိုက်ဦးမယ် Leo အရမ်းနာနေလား ဟင် "

" မနာဘဲ နေမလား ဘုန်းဘေဘီ ခင်ဗျား ပုလင်းကွဲနဲ့ အလှီးခံကြည့်မလား "

ဘုန်းဘေဘီ သက်ပြင်းသာ အသာချရသည်။

" မင်းက လူဆိုးလေးပဲ ကြီးမြတ်ကုဋေချီ "

" အခုမှ ဆိုးတာ မဟုတ်ဘူး ကျုပ်က  ငယ်ငယ်ထဲက ဆိုးတာ "

" ဆိုးတာကို  ဂုဏ်ယူနေသေးတယ် ကိုယ့်ကို ခဏစောင့် "

Baby of the billionaireWhere stories live. Discover now