Episode-23

110K 8.7K 1.1K
                                    

Unicode

🎶

ဟူး ဟူး ဟူး သွားကြမယ် ချစ်ကမ္ဘာဘုံ ။

လိုက်မလားကွယ် ခရီးကြမ်းတဲ့ မေတ္တာဘုံ ။

သီတာရေမြေခြားနေပါတယ် ထူးခြားတဲ့ သစ္စာဘုံ။

ယူဇနာတစ်ရာဝေးကွာရာဝယ် ဆန်းပြားတဲ့

မေတ္တာဘုံ ။

ဟူး ဟူး ဟူး လိုက်ခဲ့မကွဲ့ သည်းညှာရုံ ။

မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်ယုံ ။

အန္တရာယ်ရန်စွယ်မမှုပါကွယ် မောင့်တစ်ယောက်အတွက်အသက်ကိုပုံ ။

အချိန်နာရီတွေ မရွေးပါ မောင်ရယ် မောင့်နောက်က လိုက်မယ်ယုံ ။

မောင်သွားမှာ ဆန်းပြားတဲ့ အရပ်ကိုပါ

ဘယ်ကိုလဲကွယ် ပြောစမ်းကွဲ့ မောင့်နေရာ ။ 🎶

နားထဲမှာ ကြားနေရသော ကမ္ဘာ့အပြင်ဘက် သီချင်းသံ သဲ့သဲ့ ကြောင့် ဘုန်းဘေဘီ မျက်လုံး အစုံပွင့်လာမိသည်။

ဖွင့်ထားတဲ့သူက ဒီသီချင်းကိုပဲ ထပ်ခါထပ်ခါ repeat လုပ်ပြီး ဖွင့်ထားလားမသိ ။

ဒီသီချင်းက စောစောစီးစီး စိတ်ကိုတော့ ကြည်နူးစေတယ်ဆိုတာ ဘုန်းဘေဘီ ဝန်ခံရမည် ။

" နိုးပြီလား ကိုကို "

ဂုတ်ထိထောက်နေတဲ့ ကော်ဖီရောင်ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စည်းထားကာ စွပ်ကျယ်အဖြူနဲ့ ဘောင်းဘီအတိုအနက်တစ်ထည်သာဝတ်ထား၍ Leo ပုံစံက အခုမှ Gym ဆော့ပြီးသည့်ပုံ ။

" အင်း ဒီသီချင်းကိုပဲ repeat လုပ်ထားတာ လား "

" ဟုတ်တယ် လေ ။ ဘာလဲ Beautiful in white နဲ့ 10.000 Hours ဖွင့်ရမှာလား ။ ကိုယ် ဖွင့်ရင် ကိုကိုက ငိုမလားတော့ မသိပေမယ့် ကိုယ်ကတော့ တစ်ကယ် မျက်ရည်ကျမှာ သိရဲ့လား ကိုကို ။ ဒါကြောင့် ကမ္ဘာ့အပြင်ဘက် ဖွင့်ထားတာ "

" မငိုနဲ့ မင်းငိုရင် ရုပ်ဆိုးတယ် ငယ်ငယ်က မင်းငိုရင် နှာချေးတွေလည်း အများကြီး ထွက်တယ် ပြီးရင် ကိုယ့်အင်္ကျီပဲလာလာသုတ်တာ "

အတိတ်ကို လွမ်းဆွတ်သလိုပြောနေသည့်ကိုကို့ကြောင့် Leo အံ့သြ သွားရသည် ။

Baby of the billionaireWhere stories live. Discover now