<5>

375 26 14
                                    

ကျောင်းတက်နေတာ တစ်ပတ်တောင်ရှိပြီ ဒီနေ့က Testဖြေမယ့်နေ့မို့ကျောင်းကိုစောစောလာလိုက်သည်

အင်း..Jiminလား သူကတော့တဂယ်ပြောင်းလဲသွားတယ် တစ်ချက်ကလေးမှတောင်လှည့်မကြည့်ဘူးလေ

"ဟဲ့ ဟန်နာစာရပြီလား"

"ဟမ် အင်း ရပြီဆိုပါတော့"

"အင်းငါတော့သိပ်မရသေးဘူး"

ချယ်ယောင်းနဲ့စကားပြောရင်း မျက်လုံးက ခုံပေါ်တင်ထားတဲ့ အသဲပုံချိုချဥ်လေးကိုအကြည့်ရောက်သွားတော့

"ငါ့ကိုကျွေးမို့လား"

"မဟုတ်ပါဘူး ငါ့မင်းသားလေးဖို့"

ဟန်နာ နှာခေါင်းရှုံ့ပြတော့

"နင်နဲ့သူက ငယ်ငယ်ကခင်တယ်မလား သူဘယ်အရသာကြိုက်တာလဲနင်သိလား"

ချယ်ယောင်းပြောတာကိုခပ်ဆဆတွေးကာ ခရမ်းရောင်ချိုချဥ်လေးကိုရွေးပေးလိုက်သည်

"ဒါပေးလိုက် သူငယ်ငယ်က တစ်ခုခုရွေးရင် ခရမ်းရောင်ဒါမှမဟုတ် အနက်ရောင်ပဲရွေးတာ"

"နင်တို့က တော်တော် ခင်ခဲ့တာပဲနော်"

"အင်း ဒါမဲ့ အဲ့ကောင်အကြောင်းသိနေတာက ငါနဲ့အမြဲလုနေရလို့လေ တော်တော်အမြင်ကပ်ဖို့ကောင်းတဲ့ကောင်"

ဟန်နာ မဲ့ရွဲ့ကာပြောတော့ ချယ်ယောင်းရယ်သည်

"နင်ကလဲ ငါ့ကောင်လေးကို"

"အေး နင့်ကောင်ကြောင့်ပဲ ငါဖက်ထုပ်လေးနဲ့ဝေးခဲ့ရတာ"

"ဒါနဲ့သူလက်ခံပါ့မလား"

"ပေးကြည့်ပေါ့"

ခရမ်းရောင်ချိုချဥ်လေးကို ကြည့်ရင်း ပြုံးနေတဲ့ချယ်​ယောင်းကိူကြည့်မိတော့ Jungkookကိုဘယ်လောက်သဘောကျနေလဲဆိုတာ သိသာလွန်းနေသည်

စကားပြောနေရင်း အခန်းထဲတိတ်ဆိတ်သွားတော့ အရှေ့ကိုကြည့်လိုက်သည်
Jungkookတို့နဲ့အတူဝင်လာတဲ့Jimin

သူ့ကရှောင်နေပေမယ့် သူ့ကို သဘောမကျပဲမနေနိုင်ဘူးလေ လိုက်ကြည့်မိတော့ သူ့နေရာသူသွားထိုင်ကာ တချက်သာကြည့်ပီး ပြန်လှည့်သွားသည်

You've reached the end of published parts.

⏰ Last updated: Aug 01, 2023 ⏰

Add this story to your Library to get notified about new parts!

//Hate the way u love//Where stories live. Discover now