Hi guys! တာ ပထမဆုံးtranslateလုပ်တာဖြစ်တဲ့အတွက် အကယ်၍များ အမှားတစ်စုံတစ်ရာပါခဲ့မိရင် အားမနာဘဲ ဝေဖန်ပေးစေချင်ပါတယ်နော်။ဒီstoryလေးကို ဘာသာပြန်ရတဲ့အကြောင်းအရင်းက တာ အရမ်းကြိုက်လို့ပါ။ တာကအရမ်းကြိုက်တော့ တစ်ခြားသူတွေကိုလည်း ဖတ်စေချင်လို့ပါ။
ဒီ Novelက နုနုရွရွ၊လှလှပပ Romance အချစ်၀တ္ထုဇာတ်လမ်းတွေလိုမဟုတ်ဘဲ မင်းသားနဲ့မင်းသမီးနှစ်ယောက် သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဝေဒနာတွေ၊နာကျင်မှုတွေ၊မာနတွေနဲ့ နာကြည်းမှုတွေကိုကျော်လွန်ပြီး နောက်ဆုံးမှာ သူတို့ရဲ့အချစ်ကို ဘယ်လိုဦးစားပေးသွားမလဲဆိုတာလေးကိုရေးပြထားတာ အရမ်းမိုက်ပါတယ်... ဖတ်ကြည့်ဖို့ကိုလည်း requestလုပ်ပါတယ်နော်။
အဓိကက သာမန်ချစ်ကြိုက်ငြားပုံစံတို့လို ဇာတ်လမ်းစစချင်းမှာတင် sweetဖြစ်နေတဲ့ romance ၀တ္ထုပုံစံမျိုးမဟုတ်တဲ့အတွက် Romance ဆန်ဆန် ပေါ့ပေါ့ပါးပါးဖတ်ရတာကို သဘောကျကြတဲ့ ဘော်တို့ကိုတော့ တာက မဖတ်စေချင်ပါဘူး။ ၀တ္ထုက Dramaဆန်ပြီး drama ဘက်ကိုသွားတဲ့ ပုံစံမျိုးမို့ပါ။ ဖတ်နေရင်းနဲ့လည်း မင်းသားနဲ့မင်းသမီးကို အားမလိုအားမရဖြစ်ပြီး ကိုင်ပေါက်ချင်စိတ်တွေပါ ပေါက်လာပါလိမ့်မယ်... တကယ်ပါ။ တာ စစဖတ်တုန်းကလဲ အဲလိုပါဘဲ... အထူးသဖြင့် မင်းသမီးရဲ့မထုံတတ်ထေးအမူအရာနဲ့ မင်းသားရဲ့ပိုင်စိုးပိုင်နိုင်မှု၊မင်းသမီးအပေါ်အနိုင်ကျင့်မှုတွေကိုပါ။
တာတာသေချာသတိပေးပါမယ်။
(ဒီ၀တ္ထုထဲမှာ ဇာတ်ကောင်မင်းသမီးကိုအိမ်တွင်းရေးနှိပ်စက်မှုတွေ၊မင်းသမီးအိမ်ထောင်မကျခင်မှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုတွေပါ၀င်ပါတယ်)
အဲ့ဒီ့အတွက်ကြောင့် တချို့ဖတ်ဖို့အဆင်မပြေတဲ့သူတွေကိုတော့ တာကမဖတ်စေချင်ပါဘူး။ အဓိကကတာတို့ပတ်၀န်းကျင်မှာလည်း အခုလိုပုံစံမျိုးကြုံတွေ့နေရတဲ့သူတွေလဲရှိနိုင်ပါတယ်... အကယ်၍ အဲ့လိုကြုံတွေ့ခဲ့ရင်လဲ တစ်ယောက်ထဲကြိတ်မှိတ်မခံစားဘဲအကူအညီချက်ချင်းရယူဖို့၊ မကြုံတွေ့ဖူးတဲ့သူတွေဆိုရင်လဲ သူတို့လေးတွေကိုအထင်မသေးဘဲ လူသားချင်းကိုယ်ချင်းစာတတ်လာစေဖို့...ဒါတွေကိုအများကြီးရည်ရွယ်ပါတယ်နော်။

YOU ARE READING
၀န်ကြီးချုပ်ဇနီး
ChickLitတစ်ခြားသူတွေအတွက်တော့ လက်ထပ်ခြင်းဆိုတာ အရမ်းချစ်ကြတဲ့သူနှစ်ယောက်ပေါင်းစည်းပြီး နှစ်ကိုယ်အတူရှေ့ဆက်လျှောက်ကြသည့်ချစ်ခရီးလမ်း...။ သူမအတွက်ကတော့ လက်ထပ်ခြင်းဆိုတာဟာ သူမ,မကျူးလွန်ခဲ့တဲ့သစ္စာဖောက်မှုအတွက် ပြန်လည်ပေးဆပ်ရမည့်အကြွေး...။