အပိုင်း(၄) ရှောင်လွှဲမရသောအမှန်တရား

916 119 11
                                    

[Unicode]

ဂျောင်ကုတစ်ယောက်အခန်းအောင်းနေတဲ့တပတ်အတွင်းတွင်ဆော့ဂျင်ကကိုယ်ယောင်ပြလာပြီ။အတန်းထဲတွင်ဂျောင်ကုအားခနခနသွားရှာပေမဲ့မတွေ့ရ။သူငယ်ချင်းဖြစ်သူဂျုံဆောင်းအားမေးကြည့်ပြန်တော့မသိဘူးဟုဆိုပြန်သည်။တိုက်ခန်းသို့သွားပြန်တော့လည်းဘာဖြေကြားမှုမှမရခဲ့။ဆော့ဂျင်အနေနဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးရချေပြီ။

အတန်းအဆင်းမုန့်စားပြီးလမ်းအေးဆေးလျှောက်နေစဥ်ကားတစ်စီးကအရှိန်ဖြင့်ဘေးတွင်ရပ်လာတော့မင်ဟော့နဲ့ဂျုံဆောင်းတို့ခမျာတော့လန့်သွားရသည်။ကားထဲရှိသူသည်တခြားသူမဟုတ်ဆော့ဂျင်ပင်။

"အိမ်ပြန်မှာမို့လား အစ်ကိုလိုက်ပို့ပေးမယ်"

ဆော့ဂျင်ကတော့ပြုံးပြကာဆိုလာပေမဲ့ဘာကြောင့်မှန်းမသိမင်ဟော့တို့မှာကြက်သီးထမိသည်။ဂျောင်ကုကြောင့်သူတို့ပါဆော့ဂျင်ကိုရှောင်နေရသည်မို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာငြင်းဖို့ပြင်လိုက်သည်။

"ဟိုကျွန်တော်တို့က.."

"အဲ့ဒါစီနီယာ ဆော့ဂျင်မဟုတ်လား သူကကားကြုံခေါ်နေတာလေ လိုက်သွားလိုက်သွား ဒါကရှားပါးအခွင့်အရေးနော် "

အတန်းထဲကဘုမသိဘမသိတစ်ယောက်ကဆော့ဂျင်ရဲ့ကားထဲဟိုနှစ်ယောက်ကိုအတင်းထိုးထည့်သွားရာမင်ဟော့နဲ့ဂျုံဆောင်းတို့ကန့်လန့်ကန့်လန့်ဖြင်သာကားထဲပါသွားကြသည်။

"ခါးပတ်သေချာပတ်ထားနော် အစ်ကိုကကားမောင်းတာကြမ်းလို့ပါ"

စကားအဆုံးဝေါခနဲအရှိန်နဲ့စထွက်လိုက်ရာမင်ဟော့တို့ခဗျာခေါင်းမွှေးပါထောင်သွားရသည်။ခါးပတ်ကိုချက်ချင်းပဲလျှင်လျှင်မြန်ကောက်ပတ်ပြီးဘုရားစာကိုဆိုနေရသည်။အိမ်လိုက်ပို့တာလားနိဗ္မာန်လိုက်ပို့တာလားမသဲကွဲ။တချက်တချက်ကွေ့ချပလိုက်ရင်လူတွေပါယိမ်းထိုးပြီးပါပါသွားသည်။

"ဂျောင်ကုနဲ့ရောအဆက်အသွယ်ရသေးလား"

ဆော့ဂျင်ကရုတ်ချည်းမေးလာသည်။သိလိုက်ပါပြီဂျောင်ကုအကြောင်းချင်လို့အိမ်လိုက်ပို့တယ်ဆိုတာ။

𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢  🅲︎🅷︎🅰︎🅼︎🅿︎🅰︎🅶︎🅽︎🅴︎  [𝗝𝗶𝗻𝗸𝗼𝗼𝗸]Where stories live. Discover now