အပိုင်း(၂) ဇာတ်လမ်းကစပြီ

890 132 17
                                    

[Unicode]

  
   ဒီနေ့အဖို့လည်းကျောင်းသွားဖို့တော်တော်နဲ့မထနိုင်သေး။အခုတလောခန္ဓာကိုယ်မှာနုံးချိပြီး တခါတေလ ဂျောင်ကုမှာမစားနိုင်မသောက်နိုင်ဖြင့်မအီမသာဖြစ်နေတတ်၍ convenience storeက​ေန ဆေးဝယ်သောက်နေရသည်။ကျောင်းမသွားချင်သော်လည်းအရေးကြီးတဲ့project တင်ပြရမှာမို့သွားရအုံးမည်။

    ဖုန်းကိုတစ်ချက်ကြည့်လိုက်တော့ဆော့ဂျင်ကစာ​တစ်စောင်ပို့ထားသည်။ဒီနေ့ကျောင်းမလာဖြစ်ကြောင်း ဂရုစိုက်နေဖို့မှားထားသောစာတိုတစ်ကြောင်းဖြစ်သည်။ဆိုတော့ဒီနေ့တော့သားတစ်ယောက်လိုစောင့်ရှောက်မခံရတော့ဘူးဆိုသည့်အတွေးနဲ့ဂျောင်ကုအနည်းငယ်လန်းဆန်းသွားသည်။

ပြောထားသလိုဆော့ဂျင်ကျောင်းမလာပါ။သိပြီးသားဖြစ်ပေမဲ့အနည်းငယ်မျှော်နေမိသည်။

"မလာဘူးလို့ပြောထားတယ်မလား မမျှော်နေပါနဲ့ကွာ"

ဂျုံဆောင်းမှသတိထားမိကာပြောလာသည်။

"မင်းအဘကိုပဲမျှော်လိုက်"

"ဂျောင်ကု မင်းအခုတ​ေလာဆက်ဆက်ထိမခံဖြစ်နေတယ်နော်   ဓမ္မတာလာနေတာလား"

"အားး အားး သေပြီ ဂျောင်ကုရဲ့နာတယ်ဟ"

အာချောင်နေတဲ့မင်ဟော့လက်မောင်းကိုဂျောင်ကုလက်သီးပစ်ကျွေးလိုက်သည်။ဘေးကဂျုံဆောင်းမှာတခွိခွိနှင့်ကြိတ်ရယ်နေပြီးပြောလာသည်။

"ငါ့အထင်တော့ကိုယ်ဝန်ရှိနေတာများလားလို့
ကိုယ်ဝန်ရှိနေတဲ့သူတွေကသိပ်ဆက်ဆက်ထိမခံတတ်ဘူးလေ"

"ရားးးး ပတ်ဂျုံဆောင်း မင်းပါးစပ်ကိုယ့်ဘာသာပိတ်မလား ငါ့ဖိနပ်နဲ့စို့ထားပေးရမလား"

"ရတယ်သူငယ်ချင်းကိုယ့်ဘာသာပိတ်လိုက်မယ် ဟဲဟဲ"

ဂျုံဆောင်းနဲ့မင်ဟော့တို့ရဲ့စပ်ဖြီးဖြီးစနောက်မှုတွေနဲ့အတူ ကျောင်းအပေါက်ဝသို့ရောက်လာသည်။

"ဂျောင်ကု ဟေ့ကောင်တွေ"

ဂျောင်ကုတို့ခေါ်သံလာရာလှည့်ကြည့်တော့ သူတို့နဲ့ဌာနမတူတဲ့သူငယ်ချင်းနမ်ဂျွန်းဖြစ်နေသည်။သူငယ်ချင်းလေးယောက်ရှိပေမဲ့နမ်ဂျွန်းတစ်ယောက်ထဲကွက်ကာထူးချွန်လွန်းနေပြီး ဆေးဌာနကိုရောက်သွားသည်။ 

𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢  🅲︎🅷︎🅰︎🅼︎🅿︎🅰︎🅶︎🅽︎🅴︎  [𝗝𝗶𝗻𝗸𝗼𝗼𝗸]Where stories live. Discover now