unicode •
" ဒီနေ့ အချိန်ဇယား ပြော "
" မနက်ပိုင်းက စာချုပ်လက်မှတ်ထိုးဖို့ကိစ္စ
ဧည့်သည် တွေနဲ့ တွေ့ဖို့ရှိပါမယ် နေ့လည် ၂နာရီမှာ
လပတ်အစည်း အဝေးနဲ့ ညကျရင်တော့ LUXURIOUS
ကုန်တိုက်က သူဌေး Min Yoongi နဲ့ ညစာစားဖို့
ရှိပါတယ် ဒုဥက္ကဌ "" ဘာ ဘယ်သူနဲ့ ညစာစားရမှာ "
ကျောမှီထိုင်နေရာမှ ကမ္ဘာ့ရန်သူနာမည် ကြားကြား
ချင်းငေါက်ခနဲ ထလာသည့် ဒုဥက္ကဌ Jimin ကြောင့်
အတွင်းရေးမှူး မလေးမှာ နောက်သို့တွန့်ကာ
ဆုတ်သွားရသည်။" ဥက္ကဌကြီးဆီက ကြားထားပြီးထင်လို့ မပြော
လိုက်တာ တောင်းပန်ပါတယ် LUXURIOUS နဲ့
မိတ်ဖက်ရောင်းချမယ့် project ကို လက်ခံဖို့
ဥက္ကဌကြီးကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားထား
ပါတယ် ဒုဥက္ကဌ "" တောက်! "
ဒေါသတကြီး တောက်ခေါက်ကာ မျက်နှာကို
တင်းထားလိုက်မိသည်။ အရိပ်အကဲနားလည်
သည့် အတွင်းရေးမှူးမလေးမှာတော့ တိတ်တ
ဆိတ်ပင် ထွက်သွားပေးရှာသည်။အံဆွဲအတွင်းမှ စီးကရက်ဗူးကိုယူကာ စီးကရက်
တောင့် အဖြူတစ်တောင့် ဆွဲထုတ်ရင်း ခန္ဓာအနှံ့
မီးခြစ်ရှာကြည့်ရသည်။ ခေတ္တအကြာမှ ရှိသမျှ
ဒေါသကိုစီးကရက်ထိပ်ထဲ ပုံချကာ မီးလောင်
ကျွမ်းစေ၍ အပူတပြင်းရှိုက်ထုတ်လိုက်မိသည်။" တကယ်ကို အနှောက်အယှက်ကောင်ပဲ "
• • • • • •
လျှောက်လမ်းထက် လွှမ်းခြုံထားသည့်
မီးရောင်ပြပြ။ တရိပ်ရိပ်တိုးဝင်နေသည်က
ဖယောင်းတိုင်အရည်ပျော်ခြင်းဆီမှ
လွင့်စင်လာသော အမွှေးရနံ့တစ်မျိုး။
တိတ်ဆိတ်ငြိမ်သက်ခြင်းအတိဖြင့် ဤနေရာကား
Jimin အတွက် စိတ်ရှုပ်စရာသာ။" ထပ်တွေ့ကြပြန်ပြီပဲနော် "
တံခါးရွက်များ ဖွင့်ဖွင့်ချင်း အခန်းတွင်းမှ
ထိုလူက ပြုံးကာဆီးကြိုလာသည်။" လုပ်ယူဖန်တီးထားတဲ့ တွေ့ဆုံခြင်းတွေက
ကံကြမ္မာ မမည်ဘူးဆိုတာ မင်းကိုဘယ်လို
ရှင်းပြပေးရမလဲ "
YOU ARE READING
ʟᴇᴛ's ɴᴏᴛ ғᴀʟʟ ɪɴ ʟᴏᴠᴇ ᴀɢᴀɪɴ||𝚈𝙼