Hello ကျွန်မနာမည်.....ထက်ပါ လူတော်တော်များမျာကတော့ ထက်လို့ခေါ်ပီ့း ရင်းနှီးတဲ့သူငယ်ချင်းတွေကတော့ ထက်ထက်လို့ခေါ်ကြတယ်။
နာမည်ကသာ သိမ်သိမ်မွေ့မွေ့လေးရှ်တာနော် လူက သိမ်မွေ့လားဆို အဖြေက No
ဟုတယ် ကျွန်မ မိန်းကလေးတစ်ယောက်ပေမယ့် သိမ်မွေ့မှုမရှိဘူး။
ကျောင်းမှာဆိုလည်း ဖိုက်တာလိုလို လူရမ်းကားလိုလိုနဲ့ စာလည်းအဲ့လောက်စိတ်မ၀င်စားဘူး။
စာသာစိတ်မ၀င်စားတာနော် သူများထက် အထက်မှာနေချင်လွန်းလို့ စာတော့လုပ်တယ် အာ့ကြောင့် နှစ်တိုင်း ပထမဆုက တို့အတွက်ပဲ
စာထက် ကျွန်မစိတ်၀င်စားတာ ကောင်လေးတွေထားမယ် နှစ်ပတ်တစ်ယောက်ပေါ့ကွာ
တစ်ယောက်ထဲကို တစ်ဘ၀စာပုံအပ်ရမှာလား ဟိုးထား တို့ဘ၀မှာ အဲ့လိုမျိုးရှိလာမှာမဟုတ်ဘူး။
ကဲ ထားပါ
ဒီနေ့က ကျောင်းပိတ်ရက် အပြင်သွားဖို့အ၀တ်စားလဲရမယ်။ဗီရိုလေးကို ဖွင့်လိုက်တော့ မြင်နေကြ အကျီ ဘောင်းဘီ အမဲရောင်တွေက က်ြုဆိုလျက်။
ဟုတယ် ကျောင်း၀တ်စုံကလွဲလို့ တို့က အကုန်အမဲရောင်ပဲ၀တ်တယ်။
ကုန်ကုန်ပြောမယ်ကွာ underwear တောင် အမဲတွေကြီးပဲ။
အဲ့တော့လည်း ထွေထွေထူးထူးရွေးမနေတော့ဘူး ဂျင်းဘောင်းဘီအမဲကျပ်နဲ့ ခါးတိုအကျီအမဲတစ်ထည်ပဲကောက်စွပ်ပလိုက်တယ်။
ရှူးဖိနပ်အမဲစီးပြီး အိမ်ထဲကထွက်မယ်လုပ်မှ မှန်ကြည့်ဖို့သတိရတယ်။အာ့တော့လည်း မှန်ရှေ့တစ်ခေါက်ရောက်ရပြန်။
မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ပြီး အားရမိတယ် တို့က မိန်းကလေးသာဆိုတာ အရပ်က 5'7" မ၀မပိန် ပုံမှန် body လေးနဲ့ ခြေသလုံးနဲ့ပေါင်တံကလည်း ဂျင်းဘောင်းဘီအကျပ်၀တ်ထားတော့ ရှည်လျားပြီးဖြောင့်စင်းနေတယ်။ထူးခြားချက်ကတော့ ပုခုံးပဲ သာမန်မိန်းကလေးတွေနဲ့မတူညီအောင်ကို ယောက်ျားလေးတစ်ယောက် ပုခုံးနီးနီးကိုကျယ်တယ်။
ဆံပင်က ဂုတ်ကျော်လေးမှာ မတိုမရှည်ညှပ်ထားတယ် ဘေးတစ်ဖက်ဆီမှာလည်း အနီရောင် highlight တစ်ကြောင်းစီဆိုးထားသေးတယ်။
ရုတ်တရက် အနောက်ကကြည့်မယ်ဆိုရင်တော့ လုံး၀ကိုယောက်ျားလေး နီးနီးပဲ။
တချို့ online Fri တွေကတော့ Tachi ပုံမို့လို့တဲ့ တို့ကိုကြိုက်ကြတယ် တို့က မိန်းကလေးစိတ်မ၀င်စားဘူး
ဒါမယ့် ဒီလို ခပ်ဟော့ဟော့ နေရတာကိုတော့တကယ်ကြိုက်တယ်။
ကဲ လေရှည်ကုန်ပြီ အပြင်သွားရအုံးမှာကို ဒီနေ့ချိန်းပွဲတစ်ပွဲရှိတယ်လေ နောက်ကျလို့ဘယ်ဖြစ်မလဲ