မထင်မှတ်တဲ့လူတစ်ယောက်က ကိုယ့်ဘဝထဲကို ကိုယ်မသိခဲ့တဲ့အချိန်မှာပဲ တိုးဝင်နိုင်တယ်ဆိုတာမျိုးကို ကျွန်တော်က ပြောရင် ခင်ဗျားတို့ယုံကြမလား။
...........................................................................
"ဟဲ့....တေဇ"
"ဘာလဲဗျာ အမေကလည်း သားအိပ်လို့ကောင်းနေတာကို"
"ကိုယ်တော်ဘုန်းတေဇရှင့် အခန်းတံခါးလေးကို ဖွင့်တော်မူပါဦးရှင့်"
ဒုန်း!
"ဟဲ့ သေပြီလား"
"ဘာမှမဖြစ်ဘူးအမေရေ ကုတင်ပေါ်ကပြုတ်ကျတာ။ အမေက ကိုယ့်သားဘာဖြစ်လည်းမမေးဘူး
သေပြီလားက အရင်မေးတာ''''ကဲ တံခါးကိုသာဖွင့်ကိုယ်တော်"
"ဟုတ် ဝင်လာခဲ့ဗျာ။ ဒီနေ့ကျူရှင်တွေပိတ်ရက် အမေ သားကိုနှိုးတာ အစောကြီး"
''အမလေးတော် ဒါလား၁၀တန်းကျောင်းသားအလောင်းလျာ။ ကဲ တော့ရဲ့ငြီးတော်မူခန်း
ခဏထား အိမ်နားလေးကိုမမထားတို့ အလည်လာတယ်။ အဲ့တာ မင်းကိုလည်းပြချင်လို့လာနှိုးတာ။ မျက်နှာသစ်၊သွားတိုက်ခဲ့ဒါပဲ။''ဒီလိုနဲ့ပဲ နေ့တစ်နေ့ရဲ့အစကို ကျွန်တော်တို့အိမ်ကအမေ့ရဲ့အသံညံညံနဲ့ စတင်ရတယ်။ မမကြီးကတော့အလုပ်သွားနေလို့ ဒီနေ့အဖို့လွတ်သွားတယ်ပြောရမယ်။ဒီနေ့တော့ ကံဆိုးသူမောင်ရှင်က ကျွန်တော်ပေါ့။ မမထားဆိုတာ အမေ့ရဲ့ ငယ်ငယ်ကတည်းက ကစားဖော် ကစားဖက်၊ အပျိုဖော်ဝင်လာကြတော့လည်း အမေနဲ့အတူတူ တိုင်ပင်ပေါ်တိုင်ပင်ဖက်တွေပေါ့။ အန်တီထားက တစ်နှစ်စောပြီး အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါဆိုသလို သူ့ယောကျ်ားနော်ပါသွားတယ်လေ။ အဲ့ဒီ့အချိန်တုန်းက အမေက ငိုကြီး ချက်မနဲ့ အန်တီထားတို့ ကားနောက်ပြေးလိုက်သွားတယ်လို့တောင် အဖိုးနဲ့အဖွား ပြောတာကြားဖူးတယ်။
အမေအောက်ဆင်းတာနဲ့ ရေချိုးခန်းထဲဝင် အာလုတ်ကျင်း မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ်။တေဇတို့အကြိုက် အင်ကျီကတော့ထုံးစံအတိုင်း ရိုးရာမပျက် စွပ်ကျယ်နဲ့ဂျေဂျေ ပေါ့။
YOU ARE READING
Lost