EP - 2

19 3 0
                                    

မနက်စာထမင်းဝိုင်း က မေမေ၊အန်တီထားနဲ့ဦးသိန်းတို့ရဲ့ အသံတွေနဲ့ပဲအသက်ဝင်နေတယ် ။ ကျွန်တော်တို့ကလေးနှစ်ယောက်ကတော့ လူကြီးတွေပြောတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကိုနားထောင်နေရတာပေါ့။ တေဇဆိုတဲ့ကျွန်တော်ကလည်း အကြောင်းအရာတစ်ခုကို အထပ်ထပ်အခါခါ ပြန်ပြောနေတာကို နားထောင်ရရင် အလိုလိုကို ပျင်းလာတယ်။ဒါပေမယ့် ဟိုမျက်မှန်ဝိုင်းနဲ့ တစ်ယောက်ကတော့ ကျွန်တော်နဲ့မတူတဲ့ သလိုပဲ။ အမေတို့ပြောနေတာကိုနားထောင်တာနေတဲ့ မျက်လုံးတွေက စိတ်ဝင်တစားရှိနေတယ်လို့ပြောနေတဲ့ပုံစံမျိုး။

ဝှား!

"ဟဲ့ တေဇ"

"နင့်ကို လူရှေ့မှာမသန်းရဘူးလို့ငါမသင်ပေးဘူးလား "

ထိုစကားနဲ့အတူ ကျွန်တော့ခေါင်းပေါ်သို့ ဦးတည်လာသော အမေ့ လက်ကို ကျွန်တော်မတားနိုင်ခဲ့ပါ။

"အမေကလည်း နာလိုက်တာ အမေကိုယ့်သားကို လူရှေ့သူရှေ့မရိုက်ပါနဲ့လား"

"အမလေးတော်... ကိုတေဇရှင်က ကျွန်မကို
အမိန့်တွေဘာတွေပေးနေလို့ပါလား ။ နင်လုပ်တာလည်းကြည့်လေ လူကြီးတွေရှေ့ အာသန်းနေတာ ရိုင်းတယ်ဟဲ့။ ငါကလုပ်ဦးမှာနင့်ကို"

"ကဲကဲ ရီရယ်တော်ပါတော့"

"တွေ့လားအမေ ကမ်ဘာပေါ်မှာ အန်တီထားကအကောင်းဆုံး"

ဒေါ်ရီရီလွင်သည် အိမ်ကျမှတွေ့မည်ဟူသော မျက်နှာပေးဖြင့် တေဇအားကြည့်နေလေသည်။

"ဒါနဲ့ ရီပြောထားတဲ့ တေဇရဲ့ ကိစ္စကို သားက ကူညီပေးမယ်တဲ့"

"ဟမ် အမေတို့ဘာတွေပြောထားတာလဲ "

"အေးတေဇ ငါဒီအိမ်ရောက်အောင်နင့်ကို ပင့်လာတာ နင်မျောက်မူးလဲတာတွေကို မမထားတို့ ထိုင်ကြည့်ဖို့ခေါ်လာတာမဟုတ်ဘူး။ နင့်ကို ကိုဘုန်းဆီ အပ်မလို့။ ကိုဘုန်းကဆေးကျောင်းသား နောက်ပြီး ခြောက်ဘာသာနဲ့အောင်လာခဲ့တဲ့သူ နင်ကျူရှင် ပြန်လာရင် ကိုဘုန်းနဲ့ စာလုပ်ရမယ်။ဒါပဲ"

"ဗျာ အမေကသားကို သူနဲ့ သင်စေချင်တာလား"

"ဟဲ့ ဘာသူလဲ ပြန်ပြင်စမ်း။ နင့်ထက်အကြီးဟဲ့"

You've reached the end of published parts.

⏰ Last updated: Feb 20, 2022 ⏰

Add this story to your Library to get notified about new parts!

LostWhere stories live. Discover now