Author Notes & Christmas Wishes

578 67 16
                                    

UNI

ပထမဆုံးအနေနဲ့ ဒီficလေးကို သဘောကျနှစ်သက်ပေးကြတဲ့ ဒါဒါnimတို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်❤ မရေးကြည့်ဖူးတဲ့ themeမို့ အများကြီးစိတ်လှုပ်ရှားခဲ့ပေမယ့် တကယ်တမ်း သဘောကျကြတယ်ဆိုလို့ အားတွေလဲ အများကြီးရှိခဲ့ပြီး ဗိုလ်ကြီးကင်မ်နဲ့ ဒေါက်တာဂျွန့်အတွက် နောက်ထပ် ဇာတ်လမ်းလေးတပုဒ်ဖန်တီးပေးချင်စိတ်တောင် ပေါ်မိပါတယ်. ရေးဖြစ်မရေးဖြစ် မသေချာသေးပေမယ့် သေချာပြင်ဆင်ပြီးရင်တော့ ဒါဒါnimတို့ကို ကျိန်းသေပေါက် ချပြပါ့မယ်ရှင်

ဒီone shotလေး ​မြစ်ဖျားခံရာကတော့ ဂန္တဝင်အဆိုရှင်ကြီး တဦးဖြစ်တဲ့ Bing Cosbyရဲ့ I'll be home for Christmasကို နားထောင်မိရာကနေ သီချင်းရဲ့ background storyလေးကို အခြေခံပြီး Christmas one shotလေး တပုဒ် ဖန်တီးဖို့ စိတ်ကူးမိသွားခဲ့တာပါ❤

သီချင်းနဲ့ သီချင်းရဲ့ background storyကို inspireယူပြီး ရေးထားတာဖြစ်လို့ 라기ကိုယ်တိုင် ဖန်တီးထားတဲ့ plotlineဆိုပေမယ့် မမျှော်လင့်ဘဲ အခြားဖန်တီးသူ တဦးဦးရဲ့ လက်ရာနဲ့ ဆင်တူယိုးမှား ရှိခဲ့တာမျိုးရှိရင် 라기ကို ပွင့်ပွင့်လင်းလင်း လာပြောလို့ရပါတယ်ရှင် ❤

ဒီလို Historical themeလေးကိုလည်း ပထမဆုံးစမ်းရေးကြည့်တာ ဖြစ်တဲ့အတွက် အမှားအယွင်းနည်းအောင် သမိုင်းကြောင်း နည်းနည်းပါးပါးတော့ ရှာဖတ်ထားပေမယ့် အရေးအသား မကျွမ်းကျင်မှုကြောင့်ဖြစ်စေ စာဖတ်မနာမှုကြောင့်ဖြစ်စေ အမှားတစုံတရာပါခဲ့ရင်လည်း ပွင့်လင်းစွာ ဝေဖန်ထောက်ရှုနိုင်ပါတယ်ရှင်❤

ဒါဖြင့်ရင် storyလေးကနေ နှုတ်မဆက်ခင် 라기က christmas ဆုတောင်းလေးနဲ့ author noteလေးကို နိဂုံးချုပ်ပါရစေရှင်❤ (christmasက နေ့ကူးတော့မယ်ဆိုတော့ အပိတ်ပေါ့နော် ဟီး)

Merry Christmas Everyone~ နိုင်ငံအခြေအနေအပြင် သတင်းတွေကြောင့် အရမ်းကြီး ပျော်စရာကောင်းတဲ့ အချိန်ကာလတော့ မဟုတ်ပေမယ့် သည်Christmasနေ့လေးကနေ စပြီး ရှေ့လျှောက် ကောင်းမွန်တဲ့အရာတွေနဲ့သာ တွေ့ဆုံရဖို့ဆုတောင်းပေးလိုက်ပါတယ်ရှင်🙏

မမျှော်လင့်ပဲ Pထိသွားတဲ့ ကိုကြီးတို့၃ယောက်လည်း အမြန်ဆုံး ​နေပြန်ကောင်းပြီး ကျန်တဲ့ ကလေး၄ယောက်လဲ အန္တရာယ်ကင်းကင်း အပူအပင်ကင်းကင်းနဲ့ ​holidayကို ကောင်းကောင်းဖြတ်သန်းနိုင်ပါစေ

I'll be home for Christmas ✔Where stories live. Discover now