SAKURA

320 48 0
                                    

SAKURA;

Unicode,

" ဂျောင်ဂုမနက်ဖြန်လာမှာလား ''

team ထဲက စီနီယာအစ်ကိုကြီးရဲ့အမေးကိုသူပြုံးပြီးသာခေါင်းခါပြလိုက်သည်။ မနက်ဖြန်ကအစ်ကိုတို့ဘွဲ့ယူမယ့်နေ့ အဲ့နေ့မှာအစ်ကိုက သူသဘောကျတဲ့ကောင်မလေးကိုဖွင့်ပြောမယ်လို့သူ့ကိုပြောထားတာကြောင့် သူမသွားတော့ဖို့ဆုံးဖြတ်လိုက်သည်။ အစ်ကိုကိုသူမဟုတ်တဲ့တစ်ခြားတစ်ယောက်နဲ့အတူတူတွဲမြင်ရရင် သူဟန်ဆောင်ပြီးတောင်ပြုံးနိုင်မှာမဟုတ်ဘူး။

တင်📩

ဂျောင်ဂု message ဝင်လာလို့ကြည့်လိုက်တော့ အစ်ကို့စီကဖြစ်နေသည်။ ကြည့်ရတာမနက်ဖြန်အတွက်အဝတ်အစားသွားဝယ်တယ်ထင်ပါရဲ့ suite မီးခိုးရောင်လေးဝတ်ထားတဲ့ပုံလေးကိုပို့ပြီး သူနဲ့လိုက်လားတဲ့ အခုမှသေချာကြည့်မိတယ် ဆံပင်ကိုလည်းငွေမှင်ရောင်လေးဆိုးထားသေးတာဘဲ...။

သူအစ်ကိုပုံကိုကြည့်ရင်းမျက်ရည်ဝဲလာသည်။ မနက်ဖြန်ဆိုရင်အစ်ကိုကိုသူမဟုတ်တဲ့တစ်ခြားတစ်ယောက်ပိုင်ဆိုင်ရတော့မှာ...။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး '' အစ်ကိုကဘာဝတ်ဝတ်အကုန်လိုက်တယ် '' လို့ပြန်ပို့လိုက်တော့ အစ်ကိုဘက်ကသဘောကျတဲ့emoji လေးပြန်ပို့ပြီး မနက်ဖြန်ဆက်ဆက်လာခဲ့နော်ဆိုတဲ့စာလေးကိုထပ်ပို့လာသည်။ ထိုစာကို သူreply မပြန်တော့ဘဲ ph ကိုဘောင်းဘီအိတ်ထဲပြန်ထည့်ကာ လုပ်လက်စအလုပ်ကိုသာစိတ်မပါလက်မပါနဲ့ဆက်လုပ်နေလိုက်တော့သည်။
.
.
.
.
.
.
.
maebeon gat-eun haludeul jung-e (deul jung-e)
neoleul mannal ttae gajang nan haengboghae (haengboghae)📲

ဂျောင်ဂုအိပ်ယာပေါ်မှာမှောက်ယားထိုးပြီး ဆက်တိုက်ဝင်နေတဲ့အစ်ကိုစီကph တွေကိုမကိုင်ဘဲ မျက်တောင်မခက်တမ်းစိုက်ကြည့်နေမိသည်။ သူph ကိုင်လိုက်ရင်အစ်ကိုကသူ့စီကိုလာဖို့ပြောမှာလား ဒါမှမဟုတ် ကောင်မလေးကလက်ခံလိုက်တယ်ဆိုတာကိုဝမ်းသာအားရနဲ့ကြွားမှာများလား ဆိုတဲ့သူအတွေးတွေကိုခေါင်းခါပြီးသက်ပြင်းချလိုက်သည််။

တစ်ဖက်မှာတော့ ဘွဲ့ဝတ်ရုံဝတ်ထားတဲ့ကောင်လေးတစ်ယောက်ကတော့ ကျောင်းပေါက်ဝကိုတကြည့်ကြည့်နဲ့ သူမျှော်နေတဲ့တစ်ယောက်သောသူကပေါ်မလာတာကြောင့် ပြုံးရွှင်နေတဲ့မျက်နှာလေးကတစ်ဖြေးဖြေးငိုမဲ့မဲ့လေးဖြစ်လာသည်။ လက်ထဲကph လေးကိုကျစ်ကျစ်စုတ်ကိုင်လိုက်ပြီး ကိုင်သူမဲ့နေတဲ့no လေးကိုနောက်ဆုံးတစ်ခေါက်အနေနဲ့ထပ်ခေါ်လိုက်သည်။

🌸 𝕊𝔸𝕂𝕌ℝ𝔸 🌸 (KOOKV) [Short Story] {Complete}Where stories live. Discover now