5

310 23 0
                                    

Zawgi
ကြိုး-5
_______

မင်းရဲ့သူငယ်ချင်းဓါတ်ပုံဆရာရဲ့မင်္ဂလာဆောင်ကိုဖိတ်တော့ကိုယ်မင်းနဲ့အတူသွားခဲ့တယ်။ဖြစ်ချင်တော့ကိုယ်မမြင်ချင်တဲ့သူမကလည်းပွဲကိုတက်ရောက်ခဲ့တယ်။မင်းတို့ကိုဆယ်လီစုံတွဲအဖြစ်သိတဲ့သူတွေကတော့အတူတူဓါတ်ပုံတွေတွဲရိုက်ကြတယ်။စကားတွေပြောကြတယ်။

မင်္ဂလာပွဲကျင်းပနေတဲ့တချိန်လုံးမင်းကသူနဲ့ဘဲအတူရှိနေခဲ့တယ်။မင်းတို့Fanတွေရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ကိုယ့်ကိုအဝေးမှာနေခိုင်းတယ်။ပွဲထဲမှာကိုယ်တစ်ယောက်ထဲအဖော်မဲ့စွာထိုင်နေခဲ့တယ်။

မင်းကတော့သူနဲ့အတူပျော်ရွှင်မှုအပြည့်နဲ့စကားတွေပြောနေခဲ့တယ်။ကိုယ့်မှာတော့စားပွဲအကြီးကြီးဝိုင်းထဲမှာစကားပြောသူမဲ့အဖော်မဲ့တစ်ယောက်ထဲအေးစက်နေတဲ့ကော်ဖီတခွက်ကိုထိုင်သောက်နေခဲ့တယ်။

အပြန်ကျတော့သူမကခေါင်းမူးပြီးနေမကောင်းချင်သလိုဖြစ်နေတာရယ်မင်းတို့Fanတွေရှိနေတာရယ်ကြောင့်မင်းကကိုယ့်ကိုတစ်ယောက်ထဲဘဲပြန်လိုက်ဖို့စာပို့ခဲ့တယ်။ကိုယ်လည်းအထွန့်တက်ပြီမင်းကိုစာပြန်ပို့ခဲ့တယ်။

" ငယ်တစ်ယောက်ထဲတကယ်ပြန်ရမှာလားကိုကို "

မင်းဆီကထပ်ပြီးရောက်လာတဲ့စာတစောင်ကကိုယ့်ကိုတစ်ယောက်ထဲပြန်စေဖို့လုံလောက်ခဲ့တယ်။

" ရွှန်းသစ်ကိုစိတ်မချဘူး မိန်းကလေးတစ်ယောက်ထဲအန္တရယ်များလို့ ငယ်ကတော့တက္ကစီဌားပြီးပြန်လိုက်နော် "

ကိုယ်လည်းမင်းရဲ့အမိန့်တော်တိုင်းတစ်ယောက်ထဲပြန်ခဲ့တယ်။မင်းရဲ့ဦးနှောက်ထဲမှာသူမဘေးကင်းဖို့ဘဲအာရုံရှိတယ်။

ကိုယ်အိမ်ပြန်ရောက်တော့နာကျင်လွန်းလို့အိပ်ရာထဲလဲကျသွားတဲ့ထိဖြစ်ခဲ့တယ်။မင်းဆီကကိုယ်အိမ်ကိုဘေးကင်းကင်းနဲ့မှပြန်ရောက်ရဲ့လားဆိုတဲ့စာလေးတကြောင်းတောင်မရောက်လာခဲ့ဘူး။

နောက်မနက်မင်းမိဘတွေကကိုယ့်ကိုထမင်းစားဖို့ဖိတ်လို့မင်းအိမ်လာတော့မင်းလည်ပင်းကနီရဲနေတဲ့အမှတ်သားတခုကိုကိုယ်တွေ့ခဲ့တယ်။

ႀကိဳး (ကြိုး)Where stories live. Discover now