Zawgi
ကြိုး-6
_______မင်းသန့်စင်ခန်းကပြန်လာတော့ကိုယ်မူမပျက်ဘဲနေခဲ့တယ်။ဒါပေမဲ့အခြေနေတွေပြောင်းလဲသွားခဲ့ပြီ။မင်းကဖုန်းကိုဖွင့်ကြည့်ပြီးတခုခုကိုသတိရသွားဟန်နဲ့စိတ်ပူပန်နေတယ်။
မကြာပါဘူးမင်းကိုယ်ဆီကခွင့်တောင်းခဲ့တယ်။အရေးကြီးကိစ္စကြောင့်ပြန်ချင်တယ်ဆိုတဲ့အကြောင်းကိုပြောလာတော့ကိုယ်လည်းခွင့်ပြုပေးခဲ့တယ်။
မင်းထွက်သွားတော့ကိုယ်မင်းနောက်ကတိတ်တဆိတ်လေးလိုက်လာခဲ့တယ်။မင်းကကိုယ်နဲ့အတူရှိနေတဲ့ကုန်တိုက်နဲ့သိပ်မဝေးတဲ့ကော်ဖီဆိုင်အသေးလေးတခုထဲဝင်သွားတယ်။
ကိုယ်လည်းအပြန်ကချောင်းကြည့်လိုက်တော့သူမနဲ့အတူမင်းရဲ့သူငယ်ချင်းတွေစောင့်နေခဲ့တယ်။မင်းကအထဲကိုဝင်သွားတာနဲ့သူမကိုပွေ့ဖက်လိုက်တယ်။
ဒီအခြေနေကိုသစ္စာဖောက်တယ်ဆိုရအောင်လည်းကိုယ်တို့ကချစ်သူတွေဖြစ်ခဲ့တာမဟုတ်ဘူး။ချစ်သူတွေလိုဘဲနေခဲ့တာ။မဟုတ်သေးဘူး ကိုယ်ကဈေးပေါခဲ့တာ။ကိုယ်ချစ်ရတဲ့ယောကျာ်းတစ်ယောက်အတွက်နဲ့လေ။
ကိုယ်ကဘာမှမသိဘဲလိမ်ညာခံခဲ့ရတာ။မင်းတို့အကြောင်းကိုကိုယ်တစ်ယောက်ထဲကဘဲမသိခဲ့တာ။မင်းရဲ့သူငယ်ချင်းတွေလည်းမင်းလိုဘဲ။
မင်းတို့နှစ်ယောက်ရဲ့ပျော်ရွှင်နေတဲ့မြင်ကွင်းကိုထပ်မခံစားနိုင်တော့လို့ကိုယ်ပြန်ခဲ့တယ်။အဲ့ဒီနေ့ကလေမိုးတွေကဘာလို့အရမ်းရွာနေခဲ့တာမသိဘူး။ဒီချိန်မှာကိုယ့်တွက်ရင်ခွင်တစုံရှိခဲ့မယ်ဆိုရင်ကိုယ်ရှိုက်တငင်နဲ့ကလေးတစ်ယောက်လိုငိုနေမိမှာ။
အဲ့ဒီနေ့ကစပြီးကိုယ်ပြောင်းရမယ်ဆိုတာသိခဲ့တယ်။ကိုယ်ကလေပိုင်ရှင်ရှိတဲ့လူဆိုရှောင်တ
ယ်။မင်းလိုင်းပေါ်ကနေစကားလာပြောတိုင်းကိုယ်အေးအေးဆေးဆေးဘဲတုံ့ပြန်တယ်။ကိုကိုဆိုတဲ့နာမ်စားကိုလည်းကိုယ်မခေါ်ဖြစ်တော့ဘူး။မင်းစကားပြောတိုင်းတခွန်းနှစ်ခွန်းလောက်သာတုံ့ပြန်ဖြစ်တယ်။
နောက်တနေ့မနက်မှာတော့မင်းကိုယ့်အိမ်ကိုရောက်လာတယ်။ကိုယ်ကဧည့်ခန်းထဲမှာအလုပ်လုပ်နေတာမို့မင်းနဲ့မတွေ့ချင်ဘဲတွေ့ခဲ့ရတယ်။
YOU ARE READING
ႀကိဳး (ကြိုး)
Short Storyကမ္ဘာဟာသူ့အချိန်နဲ့သူလည်ပတ်အုန်းမှာပါ ကမ္ဘာဟာသူ့အချိန်နဲ့သူလည်ပတ်အုန်းမှာပါ -Taraw Muo-