Ch-4: အပေးအယူလုပ်ခြင်း

588 75 0
                                    


ရှီယောင်က စကားမပြော။

ကုလီက ဒါက အခွင့်အရေးတစ်ခုလို ခံစားလိုက်ရပြီး သူမ သူ့ကို ဆက်သွေးဆောင်နေချိန်မှာ သူ့မျက်လုံးတွေက မျှော်လင့်တကြီး တောက်ပနေခဲ့သည်။

“တကယ်လို့၊ ဒီအိမ်ထောင်ရေးအစီအစဉ်က အောင်မြင်တယ်ဆိုရင်၊ကျွန်မတို့ နင်မိသားစုနဲ့ အတူတူ အလုပ်လုပ်လို့ရတယ်။"

"ရှောင်ရှောင်က အလုပ်ကြိုးစားပြီး ဂွမ်ယူ နဲ့ သူ့အိမ်ထောင်ရေး အောင်မြင်သွားတဲ့အခါ ရှင်က ဒီမြို့ရဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ"

“ရှင်က မိသားစုကြီးနှစ်ခုရဲ့ ယောက္ခမဖြစ်လာမှာ  ဒီမြို့တော်ကြီးမှာ ဘယ်သူက ဒီလို ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ရှိနိုင်မှာလဲ။”

ရှီယောင်က သူ့ပါးစပ်ကို မဖွင့်ခင် ခဏလောက် တုံ့ဆိုင်းနေတယ်။  "ရှောင်ရှောင်နဲ့ သခင်လေး ဂွမ်ယူကြားမှာ တကယ်အခွင့်အရေးရှိလို့လား"

ကုလီ သည် ချက်ချင်းပင် ဂုဏ်ယူစွာ ခေါင်းညိတ်ပြသည်။

"ကျွန်မတို့ရဲ့ ရှောင်ရှောင် က ရှောင်ယွီလောက် မလှပေမယ့် သူမလည်း မဆိုးပါဘူး။  ကျွန်မတို့ ရှောင်ရှောင်က နာမည်ကောင်းလဲ ရှိတာကို ရှင်လဲ သိတာပဲ"

“ဒီနှစ်တွေအကုန်လုံး၊ လူမှုရေး ကိစ္စတွေအတွက် သေချာ လေ့ကျင့်ပေးခဲ့တယ်။  မင်းမျိုးမင်းနွယ်တွေရဲ့ ငယ်ရွယ်တဲ့ သခင်တွေပဲ ဖြစ်ဖြစ် ဇီဇာကြောင်တဲ့ သက်ကြီးရွယ်အိုတွေပဲ ဖြစ်ဖြစ်၊ သူတို့က သူ့အပေါ် နည်းနည်းလေးမှ အပြစ်ရှာလို့ မရနိုင်ဘူးဆိုတာ သေချာတယ်။"

"ရှင်လုပ်ရမှာက ဂုဏ်သိက္ခာရှိတဲ့ ယောက္ခမတစ်ယောက်ဖြစ်ဖို့ စောင့်နေရတာပဲ"

ရှီယောင်သည် တိတ်ဆိတ်နေတာကြောင့် ကုလီ ၏နှုတ်ခမ်းများသည် အောင်ပွဲခံနေသော အပြုံးတစ်ခုအဖြစ် တွန့်သွားသည်။

အမျိုးသားတွေက ကိုယ့်အကျိုးစီးပွားကို အမြဲဦးစားပေးတတ်ကြသည်။  သူ့အစီအစဉ်နဲ့သူ လိုက်သွားရမှာကို သူမ မကြောက်တော့ဘူး။

လင်နှင့်မယားကြား စကားဝိုင်းကို ချင်ယွီမှ လုံးဝ ကြားနေရသည်။

မျက်မမြင်ချစ်သူ ( MM Trans:)Where stories live. Discover now