House Netking ... 4

533 65 3
                                    

- Unicode -

ရုံးခန်းထဲတွင်ထိုင်၍ ပျင်းရိစွာဖြင့် နာရီကိုလှမ်းကြည့်သည်။

ညနေ့ ၃ နာရီခွဲ ... ။

သက်ပြင်းတစ်ချက်ချကာ ထိုင်ခုံကိုနောက်ပြန်မှီလိုက်သော စွမ်၊ မနက်တုန်းက အစည်းအဝေးတွင် ပြဿနာတက်သွားသည့် ကိစ္စနှင့် ပတ်သက်၍ အခုထိခေါင်းမကြည်သေးပေ။

ပုံမှန်ဆိုလျှင် အသေးအမွှားကိစ္စလေးကအစ သူဝင်ရှင်းပေးခဲ့တာမဟုတ်၊ အကုန်လုံးကို ဘုတ်အဖွဲ့နှင့်သာ လွှတ်ထားခြင်းဖြစ်သည်။

သို့သော်လည်း အဆင့်အတန်းခွဲခြားလွန်းသော ဘုတ်အဖွဲ့က အိုကြီးအိုမများကို ပညာပြလိုသည့်အတွက် တစ်စိတ်ကို တစ်အိတ်လုပ်၍ ဒေါသထွက်ပြလိုက်ခြင်းဖြစ်သည်။

စနိုးရှိနေလျှင် သည်လောက်အထိ ကြောက်အောင် ခြောက်နိုင်လိုက်မည်မထင်၊ သူဝင်တားတာနှင့် အကုန်သက်သာရာရကုန်လိမ့်မည်။

ယခုတော့ဝင်တားမည့်သူလည်း မရှိ လွတ်လပ်စွာ လူတိုင်းကို ဟောက်နိုင်လေပြီ။

"ဈာန် ... "

ဆိုဖာတွင်ထိုင်နေသော ဈာန့်ကို လှမ်းခေါ်လိုက်သည်။

"ဘာဖြစ်လို့လဲ စွမ်"

"ခြူးလေး ကျောင်းဆင်းချိန်က ၃ နာရီလား၊ ၄ နာရီလား။ သူ့ဆီမသွားခင် အရုပ်ဝယ်သွားပေးမလားလို့"

နာရီကိုတကြည့်ကြည့်ပြောလာသော စွမ့်ကိုကြည့်၍

"မသိပါဘူး"

"ဟမ်!!! မသိဘူး"

ဈာန်၏ တုံ့ပြန်ဖြေကြားမှုကို သူမကြိုက်ပေ။

"ဘာကိစ္စနဲ့မသိရတာလဲ၊ ငါနဲ့ပတ်သက်သမျှကိစ္စတိုင်းက မင်းသိထားသင့်တယ်လေ"

"စွမ်နဲ့ပတ်သက်သမျှ ဘယ်ကိစ္စမဆို ဆေးဘယ်အချိန်သောက်ရမယ်၊ တနေ့ ရေဘယ်နှခွက်သောက်တယ်ဆိုတာကအစသိပါတယ်။ ဒါပေမဲ့ သူတို့တွေက စွမ်နဲ့ ဘာအကြောင်းကြောင်းနဲ့မှ မပတ်သက်တာကြောင့်ပါ"

ရဲတင်းစွာပြောလာသော ဈာန့်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

The Black Swam (Completed)Tahanan ng mga kuwento. Tumuklas ngayon