***Sexual words & Rape Plot Warning!!!!!!!!
ကားမောင်းပြန်တော့လည်း ခဏခဏ သူမလက်ကို လက်ငါးချောင်းယှက်ကာကိုင်လိုက် နမ်းလိုက်လုပ်နေတဲ့ မခ...
"မခရယ် ကားမောင်းတာ အာရုံစိုက်ပါအုံး"
ကြာတော့ သူမလက်ဝါး ချွေးဆေးတွေ ထွက်လာလေပြီ။
"အခုကျွန်တော် ဆေးခန်းထိုင်ရမှာ မကြောင့် အာရုံမစိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ"
"ဒါတော့ငါလည်း မသိဘူးလေ"
သူဆေးခန်းထိုင်တော့ သူမက ဘေးမှထိုင်ကာ လူနာတွေကို အာရုံစိုက်ရင်းကုသပေးနေတဲ့ မခကိုကြည့်ရင်း
***ကျေးဇူးတင်ပါတယ် ကလေးရယ် ကောင်းကောင်း ကြီးပြင်းလာခဲ့လို့
အဲ့ကလေးသာ ငယ်စဉ်က တစ်ခုခုကြောင့် ပျက်စီးသွားခဲ့မယ်ဆိုရင် အခုချိန်ဆို သူမရင်ကျိုးရမှာ။
"ညီမလေး အစ်မအိမ်သာဝင်ချင်လို့ ကလေး,ခဏကြည့်ပေးလို့ ရမလား"
"အော ဟုတ် ရပါတယ်"
ကလေးပိစိလေးက ချစ်စရာလေးပါပေ။ လက်ကလေးတွေက ဖောင်းဖောင်းလေး အထစ်ထစ်လေးတွေနဲ့။ သူမ အသဲယားစွာ ကိုင်ကြည့်တော့ ပိစိလေးက တအင်းအင်းတအဲအဲ လုပ်နေလေသည်။
***ချစ်စရာလေးဟယ် မခနဲ့သာရနိုင်ရင် အဲ့လိုကလေးလေး လိုချင်လိုက်တာ
သူ့အနားက "မ"ပျောက်သွားလို့ ရှာကြည့်မိတော့ ကလေးလေးကို ချော့မြူရင်း အလုပ်ရှုပ်နေတဲ့ "မ"ကို တွေ့ရလေသည်။ ကလေးထိန်းရင်း ကြည်နူးနေလေသလားပင်။ မမျက်နှာက ကြည်လင်ကာ တောက်ပနေသယောင်။ ဘေးနားက သူနာပြုဆရာမလေးက_
"ဆရာ့ကောင်မလေးက ကလေးချစ်တတ်တယ်ထင်တယ်"
သူလည်း ထောက်ခံတဲ့အနေနဲ့ ပြုံးရုံပြုံးပြမိရင်း_
***မရယ် ကျွန်တော်မအတွက် ကြိုးစားပြီး မိသားစုဘဝလေး ထူထောင်ပေးမှာပါ
::::::::::::::::::::::::::::::::::::::::::::::::::::::
"မရေ ထမင်းစားမယ်လေ"
တစ်ခြံလုံး နှံ့နေပေမဲ့ စောစောနကမှ အမှိုက်ပြစ်ရန် ထွက်သွားတဲ့ "မ"ကို မတွေ့သေးပါပေ။
YOU ARE READING
Torture (Lesbian+++)(Uni-Zawgyi)
RomanceLesbian Storyတစ်ပုဒ်လောက် ထပ်တင်ချင်ပါတယ်ရှင့် ဖတ်လိုကဖတ်နိုင်ပါတယ်နော် 18+warning ပါနော် နောက်ပိုင်း အခန်းတွေမှာ အပြောအဆို ခပ်ကြမ်းကြမ်းတွေပါတာမို့ (ရေမြှုပ်ဖြင့် ချေးတွန်းပေးနေရင်း သူ့ရှေ့က လူရဲ့ ကျောပြင် ဖွေးဖွေးလေးအား ထိကိုင်ပွတ်သပ်ပစ်ချင်စိတ်က...