သူမအတွက် ဒီနေ့က အလုပ်နားရက်မို့ သူငယ်ချင်းများနှင့် လျှောက်လည်မုန့်စားရန် ချိန်းထားရာ ထိုနေရာသို့ စောရောက်နေသောကြောင့် လှည်းတန်းစင်တာဘေး၌ ထိုင်စောင့်နေရလေသည်။
ထိုအချင်းအရာဆိုသည်မှာလည်း သူမအတွက် စနေနေ့တိုင်း လုပ်ရသောကိစ္စ ဖြစ်လေရာ စောင့်နေရသော ထိုခဏတာကို မြန်မြန်ကုန်ဆုံးစေရန်အလို့ငှာ ဖုန်းထိုင်ဆော့နေရတော့သည်။ သို့ပေမဲ့ သူမအတွက် သာမန်နေ့ဆိုသည်မှာ ထိုသူနှင့် မတွေ့ခင်ထိသာ ထိုစကားက အကျုံးဝင်လေသည်။တစ်စုံတစ်ယောက်--- ဟင် မ
သူမအား တစ်စုံတစ်ယောက်မှ ခေါ်သည်ဟုထင်သောကြောင့် လှည့်ကြည့်လိုက်လေရာ အသက်ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်က သူမအား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
----- ကျွန်မကိုပြောတာလား
ထိုကောင်လေးက ပြုံးလိုက်ရင်း
တစ်စုံတစ်ယောက်-- မ ကျွန်တော် "မခ"လေ "မိုးမခ" မ ကျွန်တော့်ကို မမှတ်မိဘူးလား
သူက ထိုသို့ပြောခါမှ ငယ်ငယ်က သူမဘေးနား အမြဲကပ်နေတတ်သော ပေတီးပေစုတ် ကလေးမလေးအား ဖြတ်ခနဲ သတိရသွားတော့သည်။
***********************
လွန်ခဲ့သော8နှစ်ခန့်-
ကျူရှင်က ပြန်လာလာချင်း ထမင်းသွားစားရန် လွယ်အိတ်ချ၍ ထမင်းစားခန်းသို့ ဝင်မည်အလုပ် သူမတို့အသင်းမှ ကလေးငယ်တစ်ယောက်က သူမနားသို့ ပြေးလာ၍
ကလေး--- မကြီး သမီးတို့ကျောင်းကို လူသစ်ရောက်တယ် သိလား
-----ဟမ် ဟုတ်လား ဘယ်အသင်းလဲ
ကလေး--- သမီးတို့အသင်း မကြီးသိလား သူက ချောတယ်
----အေးပါဟာ ငါ ထမင်းသွားစား လိုက်ပါအုံးမယ်
သူမ ထမင်းစားပြီးတော့ ဆရာမများက ထိုကလေးအား ဆရာမများက အသင်း၌ နေရာချပေး နေလေပြီ။
သူမလည်း ထိုကလေးအား တစ်ချက်လှမ်းကြည့်မိပြီး စိတ်ထဲမှ မှတ်ချက်ပေးမိသည်မှာ "အချောလေးပဲ"ဟု
နောက်ပိုင်းတဖြည်းဖြည်းနှင့် သိလာရသည်မှာ ထိုကလေးက တကယ့်ကို လူ့ခွစာလေးပါပင်။
ŞİMDİ OKUDUĞUN
Torture (Lesbian+++)(Uni-Zawgyi)
RomantizmLesbian Storyတစ်ပုဒ်လောက် ထပ်တင်ချင်ပါတယ်ရှင့် ဖတ်လိုကဖတ်နိုင်ပါတယ်နော် 18+warning ပါနော် နောက်ပိုင်း အခန်းတွေမှာ အပြောအဆို ခပ်ကြမ်းကြမ်းတွေပါတာမို့ (ရေမြှုပ်ဖြင့် ချေးတွန်းပေးနေရင်း သူ့ရှေ့က လူရဲ့ ကျောပြင် ဖွေးဖွေးလေးအား ထိကိုင်ပွတ်သပ်ပစ်ချင်စိတ်က...