(Uni)
"ဦး! သားပြန်.."
"ကိုကို အဲ့ကောင်ကိုဘယ်တော့ရှင်းမှာလဲ..ချစ်တို့နေရတာမလွတ်လပ်ဘူးကွာ ပြီးတော့သူလည်းအသက်ပြည့်ပြီပဲ သူ့အမွေတွေကိုကိုလက်ထဲရောက်ပြီ"
"အင်း ကိုကိုမကြာခင်သူ့ကိုရှင်းတော့မှာပါ.."
"အွန်း..သူလည်းမသေခင်ခံဖူးသွားအောင်ချစ်သူငယ်ချင်းတွေနဲ့ရှင်းခိုင်းလိုက်ရမလား"
"အင်း ချစ်သဘော..ခုတော့ဟိုတစ်ယောက်ပြန်မလာခင်ကိုယ်တို့တစ်ချီလိုက်စကြမလား"
"အိုးးး ကိုကိုကလူဆိုးပဲ ခ်ခ် အဲ့ကိုကို,ကိုပဲချစ်နေရတာ"
"ကိုယ်လည်းချစ်ကိုသိပ်ချစ်တယ်.."
ဟင့်အင်း မဟုတ်ဘူး။ ဦးကအဲ့လိုမဟုတ်ဘူး။ အိမ်ဝကနေကျွန်တော်ထွက်ပြေးလာမိတယ်...ဒီဖြစ်ရပ်ကြီးကိုလက်မခံနိုင်စွာပေါ့။
ဦးကကျွန်တော်ကိုသတ်ချင်နေတာပဲ..အသက်၁၆နှစ်မှာမိဘနှစ်ပါးလုံးဆုံးရှုံးခဲ့တဲ့ကျွန်တော်ကို အဖေရဲ့သူငယ်ချင်းဖြစ်သူဦးကစောင့်ရှောက်ခဲ့တယ်။ နောက်တစ်ခုသိလိုက်ရတာကဦးကကျွန်တော်ကိုချစ်နေတယ်တဲ့။ အလွယ်တကူပဲလက်ခံမိလိုက်တယ် ဘာလို့ဆို ကျွန်တော်ဟာလည်းဦးကရင်ဘတ်ကြီးနဲ့မဆံ့အောင်ချစ်မိသွားတာကြောင့်ပေါ့။
အသက်၁၇နှစ်ပြည့်တဲ့နေ့မှာပဲ ကျွန်တော်ရဲ့အရာအားလုံးဦးအပေါ်ပုံအပ်ခဲ့တယ်..ကျွန်တော်ရဲ့ခန္ဓာကိုယ်အပါအဝင်ပေါ့။ ဖွင့်ပြောတဲ့နေ့တစ်ရက်ပဲ ဦးပါးစပ်ချစ်တယ်ဆိုတဲ့စကားကိုခက်ခက်ခဲခဲကြားခဲ့ရတဲ့ ကျွန်တော်ကယခုတွင်တော့တခြားမိန်းကလေးတစ်ယောက်ကိုချစ်စကားပြောနေတဲ့ဦးရဲ့ချိုသာတဲ့အသံလေးကိုကြားခဲ့ရတယ်။
ဘာလို့များလဲ။ မေးချင်မိတယ် ဘာလို့များလဲ ဒီစည်းစိမ်တွေကြောင့်နဲ့ကျွန်တော်အနားကို ချည်းကပ်ပြီးကျွန်တော်အနားမှာနေပေခဲ့တာ ဦးပင်ပန်းလှရော့ပေါ့။
တောင်းပန်ပါတယ် ဦးဝန်ထုတ်ဝန်ပိုဖြစ်စေခဲ့လို့။ တောင်းပန်ပါတယ် ဦးမသထာတဲ့ချစ်စကားကိုပြောစေမိလို့။ တောင်းပန်ပါတယ် အရာအားလုံးအတွက်...။
YOU ARE READING
YYY One Short Collection🍀💙
خيال (فانتازيا)ဒီမှာယွန်းရဲ့ One shortတွေစုတင်ဖို့ဆုံးဖြတ်လိုက်ပါ စိတ်ကူးတည့်ရာလည်းရေးရင်း ရေးချင်တာတွေကိုOsအနေနဲ့ရေးဖို့လည်းတွေးလိုက်မိတယ် ဒါကြောင့် ဒီမှာအကုန်စုတင်ပါ့မယ် တစ်ခုရှိတာက စိတ်ကူးတည့်ရာဆိုပြီးရေးတဲ့ဟာတွေလို အတိုမဟုတ်ဘဲ နည်းနည်းရှည်မှာပေါ့နော် ပြီးတော့က...