Episode 3✨🍁

41.5K 4K 87
                                    

ဦးညို အခန်းထဲတွင် လမ်းပတ်လျှောက်နေရင်း ဗိုက်လေးကိုပွတ်နေမိသည်။
ခုဆိုဗိုက်‌လေးက 1လနီးပါးတောင်ရှိနေပြီဖြစ်၍ မသိသာသော်လည်း ဦးညို စိတ်ထဲ ကြည်နူးမိနေသည်။
ဒီကလေးလေးက သားသားလေးလား မီးမီးလေးလားဆိုတာ သူတကယ်ရင်ခုန်နေမိသည်။

"အဟင်းးးးကလေးလေးရေ အပြင်ဘက်ကမ္ဘာထဲကို ကျန်းကျန်းမာမာလေးထွက်လာပေးနော်....."

အပြင်မှပြန်ရောက်ရောက်ချင်း
သဇင် အခန်းထဲတွင် အထုပ်တွေကိုစားပွဲပေါ်တင်လိုက်ပြီး
"ဦးညို နေရတာအဆင်ပြေရဲ့လား..."

"ဟုတ် ပြေပါတယ်မမ...အပြင်ကပြန်လာတာလား..."

"အင်း မေမေနဲ့ဦးညိုအတွက်လိုတာလေးတွေသွားဝယ်နေတာ...."

"ဟုတ်....."
သဇင် ဗိုက်လေးပွတ်ပြီး လမ်းလျှောက်နေသော ဦးညိုကိုကြည့်ပြီး မသိမသာလေးသက်ပြင်းချမိသည်။
ဒီကလေးလေးကို သံယောဇဉ်တွယ်လို့မရဘူးဆိုတာ သူတို့အသိဆုံးပင်ဖြစ်သည်။အချိန်တန်ရင် ကိုယ်နဲ့သက်ဆိုင်ခွှင့်မရှိတော့သည့်ကလေးလေးကို ဦးညို တွယ်တာပြီးခံစားနေရမှာကို သဇင်တကယ်ကိုပင်မလိုချင်ပါ။

"ဦးညို..လာပါဦး ငါပြောစရာရှိတယ်..."

"ဟုတ်မမ...."
ဦးညို မမသဇင်ဘေးသွားထိုင်လိုက်သည်။

"ဦးညိုလေး...မမတို့တွေက ဒီကလေးလေးရဲ့ အငှားကိုယ်ဝန်ဆောင် သက်သက်ပဲ..တစ်ချိန် ကလေးလေးမွေးပြီးရင် သူ့အဖေက ကလေးကိုလာခေါ်သွားမှာ နောက်ထပ်ဘယ်တော့မှတွေ့ရတော့မှာလဲမဟုတ်ဘူး
တွေ့ခွှင့်လဲ မမတို့မှာ မရှိဘူးလေ..မမပြောချင်တာကို ဦးညိုလေးနားလည်လား...မမက ဦးညိုလေးခံစားရမှာကို မလိုလားဘူး...နော် ဦးညိုလေး...."
သဇင် ဦးညိုရဲ့ ဆံပင်ကောက်လေးတွေထဲ လက်လေးနဲ့ ဖွဖွလေး ပွတ်ပေးရင်း ပြောလိုက်သည်။

ဦးညို ဝမ်းနည်းသွားမိသည်။ဦးညို သိပါသည် သံယောဇဉ် တွယ်လိုမရဘူး၊လောဘကြီးချင်လို့မရဘူးဆိုတာ ဒါပေမယ့်ဦးညို ကြည်နူးမှု၊က‌လေးလေး၏နွေးထွေးမှုကို ခံစားနေရသည်။
"ဟုတ်ကဲ့ပါ မမ ဦးညို နားလည်ပါတယ်...ဦးညို သံယောဇဉ်မတွယ်မိအောင်နေပါ့မယ်...."

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now