Episode 9✨🍁

39.2K 3.8K 299
                                    

"မင်းမြတ်ဧကဦးမာန်...."
ကုဋေ အခန်းထဲက နံရံတွေထက်မှာ‌ ပေပွနေသော ရောင်စုံခဲတံရာများကိုကြည့်ရင်းခေါ်လိုက်သည်။

"ဂျာ ...ဒယ်ဒီ..."(ဗျာ...ဒယ်ဒီ..)
ဝင်လာပါပြီ သူအပြစ်မလုပ်ထားသည့်မျက်နှာလေးဖြင့်မင်းမြတ်ဧကဦးမာန်

မဆူရသေးဘူး မျက်နှာငယ်လေးနှင့်လာလုပ်ပြနေသော သားဖြစ်သူကိုကြည့်ပြီး ကုဋေ ခေါင်းကိုရမ်းလိုက်မိသည်။
ဘယ်သူနှင့်တူလို့ ဒီလောက်ထိဆိုးနေရသလဲ ဆိုတာ ကုဋေတကယ်ပင်မသိတော့။
ခုလဲ အခန်းထဲက နံရံတွေမှာ ရောင်စုံခဲတံတွေနှင့်လျှောက်ဆွဲထားပြီး ပေပွနေလေသည်။

"သားကို ဒယ်ဒီဘာပြောထားလဲ... "
ကုဋေ သားရှေ့ မျက်နှာကိုတမင်တည်ထားပြီးမေးလိုက်သည်။
ဒီလူဆိုးလေးက တကယ်ပင်အလျှော့ပေးမရ။

"နံနံတေပေါ် လျှောက်ရွဲရဝူးယို့ ‌ကြောထားပါရယ်...."
(နံရံတွေပေါ်လျှောက်မဆွဲရဘူးလို့ပြောထားပါတယ်...)

အသက်၃နှစ်ကျော်ရှိသေး၍ စကားပင်သိပ်မပီသေးသည့် သားဖြစ်သူကိုကြည့်ရင်း
"အဲ့ဒါကို သားက ဒယ်ဒီပြောစကားကို နားမထောင်တာလား...."

ကုဋေ ပုံဆွဲဖို့ စာအုပ်တွေဘယ်လောက်ဝယ်ပေးထားထား နံရံတွေပေါ်ပဲဆွဲသည့် သားဖြစ်သူကို ကုဋေ ဘယ်လိုပင်ဆုံးမရမလဲမသိတော့။ပုံဆွဲရတာဝါသနာပါသည့်သားက သူ့ရုံးစာရွက်များကိုပင် အလွတ်မပေး လျှောက်ခြစ်တက်‌သည်။
နဂိုက စာရွက်တွေပေါ်ပဲ လျှောက်ဆွဲသော်လည်း ဘယ်ကဘယ်လို အိုင်ဒီယာရသွားသလဲမသိ ခု‌တော့ စာရွက်တွေကိုလှည့်ပင်မကြည့် နံရံတွေပေါ်ပဲ ‌လိုက်ဆွဲနေသည်။

ဧက လက်လေးကိုနောက်ပစ်ထား၍ ခေါင်းငုံ့ထားသည်။
စာရွက်ပေါ်ဆွဲတာနှင့် နံရံတွေပေါ်ဆွဲတာက အရသာချင်းမတူတာကို ဒယ်ဒီသိအောင်ဘယ်လိုပြောရမလဲဟု အကြံထုတ်ရင်း
"ဝုတ်ပါဝူး...ဧတလေးက နံနံတွေပေါ်ရွှဲရင်ယို့ပါ..ဒယ်ဒီဂျကားရားမထောင်ရာ ဝုတ်ရပါဝူး..."
(ဟုတ်ပါဘူး ..ဧကလေးက နံရံတွေပေါ်ဆွဲချင်လို့ပါ...ဒယ်ဒီစကားနားမထောင်တာ ဟုတ်ရပါဘူး...)

လူကိုမျက်လုံးပြာပြာဝိုင်းလေးတွေနှင့်လာကြည့်ရင်း သူ့ကိုယ်သူမပီကလာပီကလာဖြင့် ဧတလေးဟုပြောနေပြီဆိုကတည်းက
ဒါအဖေကိုချော့နေတယ်ဆိုတာ ကုဋေသိလိုက်သည်။
မင်းမြတ်ကုဋေဟန်သားပီသစွာပင်
မင်းမြတ်ဧကဦးမာန်က သိပ်ကိုလည်ပါသည်။အဖေဖြစ်သူရဲ့ ပျော့ကွက်ကိုလည်းကောင်းကောင်းသိလေသည်။

My Universe is Oo Nyo 💫✨(Complete)حيث تعيش القصص. اكتشف الآن