The Beginning - Cheesecake

2.5K 175 163
                                    

#Apricity

(Apricity - The Warmth of the Sun in the Winter)

Cheesecake  🍰

Cheesecake  🍰

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ကမ္ဘာပေါ်ကလူတွေအပျော်ရွှင်ဆုံးပွဲတော်တစ်ခုကို ပြပါဆိုရင် ခရစ္စမတ်ပွဲတော်ပါပဲ" ဟု စာအုပ်ထဲဖတ် ဖူးသည့် ဒေါက်တာငြိမ်းမာန်ခအတွက်တော့ ခရစ္စမတ်သည်လည်း ထူးမခြားနားသော ပိတ်ရက်တစ်ခုသာ ဖြစ်လိမ့်မည်။ ငယ်စဉ်ကတည်းက သူ့အတွက် မည်သည့်အရာကမျှ ဆန်းကြယ်မနေခဲ့ပေ။ ဆေးကျောင်း တက်ပြီးနောက် ဆရာဝန်ဖြစ်လာပြန်တော့လည်း ခရစ္စမတ်သည် သူ အချိန်ပိုဆင်းရသည့်အခါသမယသာ ဖြစ်နေခဲ့ပြန်၏။ အရေးပေါ်ဌာန ဖြစ်သည်မို့ ပွဲတော်ရက်များတွင် လူနာပိုများတတ်သည့် ကိစ္စကို မငြီးငြူ ဘဲ ရင်ဆိုင်ဖြေရှင်းခြင်းအတွက် နောက်ကွယ်တွင် မည်သို့ အပြောခံရသည်ကို သူ သိပါသည်။ သို့သော် ကမ္ဘာပေါ်ရှိ ကိစ္စအားလုံးကို လိုက်ဂရုစိုက်နေလျှင် ကိုယ့်အတွက် အချိန်ကျန်တော့မည်မဟုတ်သဖြင့် ဥပေက္ခာပြုရန်သာ ဆုံးဖြတ်ခဲ့၏။

"ဆရာ.. ကလေးလူနာတစ်ယောက် ရောက်လာဖို့ရှိပါတယ်"

"ဘာကေ့စ်လဲ"

သူနာပြုဆရာမထံမှ ကေ့စ်ကို နားထောင်လိုက်ပြီး လိုအပ်မည်ကို အသေးစိတ်ပြင်ဆင်ထားလိုက်၏။ အခြေအနေကတော့ ခွဲစိတ်ရန်လိုအပ်ကြောင်း သူသိနေပြီ။ ထို့ကြောင့် ခွဲခန်းကို အကြောင်းကြားထား လိုက်ပြီး သက်ဆိုင်ရာဌာနကိုလည်း လှမ်းခေါ်ထားလိုက်သည်။ အရေးပေါ်တင်ယာဉ်ရောက်လာတော့ လူနာကလေးက သတိပင်မရတော့။ လက်တစ်ဖက်က သွေးတွေဒလဟောထွက်နေပြီး အဝတ်စတစ်ခုလုံး ပင် သွေးချင်းချင်းနီနေပြီ။ သူ့ဖက်က လုပ်နိုင်သည့် ကုသမှုတချို့လုပ်ပေးပြီးနောက် ခွဲခန်းထဲသို့ သွင်းရန် မိဘများထံမှ ခွင့်ပြုချက်တောင်းဖို့ အလှည့် ဂျူနီယာလေးများက မရဲတရဲဖြင့် အနားကပ်လာ၏။

ApricityWhere stories live. Discover now