1 - Christmas Cookies

922 147 198
                                    

#Apricity

1- Christmas Cookies

ဒေါက်တာ ငြိမ်းမာန်ခသည် Matcha ကိတ်မုန့်တစ်လုံးလုံးဝယ်လာပြီးနောက် စားပွဲပေါ်တင်ကာ ထိုင် ကြည့်နေမိ၏။ အမှန်ဆိုလျှင် နေ့လယ်ခင်းတွင် သူ အနားယူကာ အိပ်သင့်သော်လည်း စိတ်နှလုံးတို့က မည်သို့မျှ အနားယူ၍ရမနေခဲ့။

"ကိုလင်းသန့်ရှိန်က ဘာဖြစ်လို့ ရှဉ့်ကို ပြုံးပြတာလဲ။ အဲဒီအပြုံးမျိုးနဲ့ လူတိုင်းကို လိုက်ပြုံးပြနေရင် ဘယ် သူက ခံနိုင်ရည်ရှိမှာတဲ့လဲ"

တစ်ကိုယ်တည်းရေရွတ်ပြီးမှ အသိပြန်ဝင်လာ၏။ ဤစကားတွေက တကယ်ပဲ သူ့နှုတ်ထွက်စကားတွေ တဲ့လား။ လောင်မာန်ခ ဟုနာမည်ပြောင်ပေးခံရသည့် သူက ယခုတော့ ကိုလင်းသန့်ရှိန် ဆိုသည့် အပြုံးချို ချို ပိုင်ရှင်လူတစ်ယောက်ကြောင့် ထူးထူးဆန်းဆန်းစကားများပင် ပြောထွက်လာပြီပဲ။ ကိုလင်းသန့်ရှိန် ဆို သည့်လူက သေချာပေါက် သူ့စိတ်ကို ဖမ်းစားနိုင်ခဲ့သည်။

ဗိုက်ဆာလာသဖြင့် တစ်ခုခုချက်ပြုတ်လိုက်ရန် စဉ်းစားပြီးမှ စားပွဲပေါ်မှ Matcha ကိတ်ကို အကြည့်က ပြန်ရောက်သွားပြန်၏။ သူ Matcha ကိုမကြိုက်ပါ။ မည်မျှပင် အချိုကြိုက်ကြိုက် Matcha ကိုတစ်ခါမျှ မ ရွေးချယ်ဖူးခဲ့သော်လည်း ယခုတော့ မျက်နှာရချင်စိတ်ဖြင့် ကိတ်ကြီးတစ်လုံးလုံးပင် ဝယ်ချလာသည်ပဲ။ ပြေးကြည့်မှ တစ်ဦးတည်းနေသော သူ့ကွန်ဒိုတိုက်ခန်းမှာ ဤကိတ်ကို စားမည့်လူက သူတစ်ယောက်သာ ရှိသည်။

ဒေါက်တာငြိမ်းမာန်ခသည် တစ်ချက်စဉ်းစားလိုက်ပြီးနောက် အဝတ်အစားလဲပြီး ကိတ်မုန့်ကိုယူကာ ဆေးရုံသို့ ပြန်လာလိုက်၏။

"ဟင်.. ဆရာ..​ ညနေမှ ဂျူတီရှိတာမဟုတ်လား"

"ဆရာရောက်လာပြီလား"

သူက ခေါင်းတစ်ချက်ညိတ်ပြပြီး အရေးပေါ်ဌာန နားနေခန်းသို့ သွားလိုက်ကာ ကိတ်မုန့်ကို မျက်နှာသေ ဖြင့် စားပွဲပေါ်တင်လိုက်သည်။

"ဟင်.. ဆရာ.. ဒါ ဘာလေးလဲ"

"ခရစ္စမတ်မို့လို့"

နားနေခန်းထဲရှိ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းအပေါင်းတို့က ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြ၏။ ဤ ဆေးရုံတွင် အလုပ်စဝင်ကတည်းက ထိုကဲ့သို့ တစ်ခါမှ လက်ဆောင် မပေးဖူးသဖြင့် အားလုံးက မယုံသင်္ကာ ဖြစ်နေကြသည်။ မသိလျှင် ထောင်ချောက်တွင်းရှိ ကြွက်သတ်ဆေးထည့်ထားသော ချိစ်တုံးကို လှမ်းကြည့်နေသော ကြွက်များနှင့် တူနေ၏။

ApricityWhere stories live. Discover now