#Apricity
2- Butter Sugar Bread
ဒေါက်တာငြိမ်းမာန်ခသည် တစ်ညနှင့် တနေကုန်နီးပါး အရေးပေါ်ခန်းထဲတွင်သာ အချိန်ကုန်ဆုံးဖြစ်သော် လည်း အားအင်ပြည့်ဝနေလျှက်ရှိသည်။ ကိုလင်းသန့်ရှိန်ထံမှ လက်ရေးစာနှင့် ထမင်းဘူးလေးကြောင့် သူ အလုပ်ကို စိတ်ပါဝင်စားစွာလုပ်နိုင်ခဲ့၏။ ဤသည်ကို အံ့သြနေသည်က သူ၏ သူငယ်ချင်း ဒေါက်တာ နေလင်းဟန် ဖြစ်သည်။
"ငြိမ်းမာန်.. မင်း တစ်ခုခုများဖြစ်ထားသလားကွာ"
"ငါက ဘာဖြစ်ရမှာလဲ။ အပိုတွေမပြောစမ်းပါနဲ့ကွာ"
"မင်းပြုံးနေတယ်ကွ။ လူတစ်ယောက်ဟာ အကြောင်းမဲ့ ဘယ်တော့မှမပြုံးဘူး။ စိတ်ပညာကျမ်းတွေရဲ့ အလိုအရဆိုရင်.."
"တော်စမ်း။ ငါ မအားဘူး။ အခု ဂျူတီထွက်တော့မှာ။ ငါပြောထားမယ်။ မင်း လိုက်မလာနဲ့"
"ငါ့ကို ငြိမ်းမာန်က ငြင်းလိုက်တာလား။ မင်းမှာ ငါကလွဲပြီး ဘယ်အပေါင်းအသင်းရှိလို့လဲ"
"အခုရှိသွားပြီ"
သူထွက်လာပြီးမှ ပြန်လှည့်ပြီး ကားသော့နှင့်ထောက်ကာ ထပ်ပြောလိုက်၏။
"လိုက်မလာနဲ့။ ဒီနေ့တော့ မင်းကိုလိုက်မပို့နိုင်ဘူး"
"ငြိမ်းမာန် ငြိမ်းမာန်.. မင်း ရည်းစားရနေပြီပဲ။ ဟုတ်တယ်မဟုတ်လား။ ငါ့ကိုမလိမ်နဲ့ သူငယ်ချင်း။ ငါသိ တယ်။ မင်း ရည်းစားမဟုတ်တောင် crush ရနေပြီ"
ငြိမ်းမာန်ခက ထိုစကားများလွန်းသော ဒေါက်တာနေလင်းဟန်ကို မသိကျိုးကျွံလျစ်လျူရှုရင်းဖြင့် အောက် သို့ ခပ်သွက်သွက်ဆင်းလာခဲ့၏။ ဤအချိန်လောက်ဆို ကိတ်မုန့်ဆိုင်လေးပိတ်လောက်တော့မည်ထင်၏။ သို့သော် သူတစ်နေ့တာအတွက် ကိုလင်းသန့်ရှိန်ကို တွေ့ချင်မိပါသေးသည်။
ဆိုင်ရှေ့ရောက်တော့ တကယ်ပင် ကိတ်ဆိုင်လေးက ပိတ်သွားခဲ့ပြီ။ သို့သော် အထဲတွင်တော့ စံအိမ်လေး ရှိနေသေး၏။ ခုံများသိမ်းဆည်းနေပုံရသော စံအိမ်လေးထံသို့ အတင်းဝင်သွားလျှင်လည်း မကောင်းတတ် သဖြင့် သူအပြင်မှနေ၍ ရှေ့လျှောက်နောက်လျှောက်လုပ်နေမိစဉ် သူ့ပုခုံးကို တစ်စုံတစ်ယောက်က လာကိုင်လိုက်သည်ကို ခံစားမိသည်။
YOU ARE READING
Apricity
Romanceလက်တင်ဘာသာစကားနဲ့ဆိုရင် - ဆောင်းရာသီမှာရတတ်တဲ့ နေခြည်နွေးနွေးပါတဲ့။ ဒေါက်တာ့အတွက်တော့ အစ်ကိုဟာ အဲဒီလို နွေးထွေးတဲ့သူပါ။ ပြီးတော့ ကိတ်မုန့်တစ်လုံးလို ချိုမြိန်သေးတယ်လေ။