Part 2 ( Uni )

1.5K 119 5
                                    

မသိဘူး...ချစ်တယ်

Unicode

Part 2

"လူကြီး "

"..."

"ဟာ..လူကြီးလို့ ။ "

ညနေခင်း ခြံထဲရှိ စားပွဲတွင်ထိုင်ကာ စာဖတ်နေသည့်နား သို့ရောက်လာသည့် ချာတိတ်မလေး ။ အံ့ ပြန်မဖြေမချင်းပင် ခေါ်နေတော့သည် ။

"ကဲ ဘာလဲ ပြော ချာတိတ် ရာ "

"ဘာတွေ လုပ်နေတာလဲ ။ အဲ laptop ကြီးကိုပဲ အာရုံစိုက်နေတာပဲ ။ ဘာရှိလို့လဲ ။ "

"ချာတိတ် နားမလည်ပါဘူးကွာ.. "

ချယ့် အား ဘာမှမသိတဲ့ကလေးတစ်ယောက်လိုပြောနေသော လူကြီး အား နည်းနည်းတော့တင်းသွားမိသည် ။ ချယ် က ပျော်ပျော်နေတတ်သည့် အကျင့်ရှိသူတစ်ယောက်မို့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပေမဲ့ အတန်းထဲတွင်တော့ အဆင့် ၁ ကနေ ၃ အတွင်း အမြဲဝင်တတ်တဲ့သူတစ်ယောက်ပါ ။

"ဟော..ဒါက ဘာဖြစ်သွားတာလဲ ။ "

မြက်ခင်းပြင်ပေါ်ထိုင်ကာ အပြစ်မဲ့သည့် မြက်ပင်လေးအား ဆွဲနုတ်နေသည့် ချာတိတ်မလေးအား အံ့ မေးလိုက်သည် ။

"မသိချင်ပါနဲ့ ။ ကိုယ့်ဘာသာ Laptop သုံးနေတာမလား သုံး..သုံး.. ။ ဖွားငြိမ်း ဆီပဲသွားတော့မယ် ။ "

ဆယ်ကျော်သက်အရွယ် ကလေးတွေ၏ စိတ်ကအပြောင်းအလဲ မြန်လွန်းသည်မို့ အံ့လည်းလိုက်မမီနိုင်တော့ပါ ။ ထွက်သွားသည့် မိုးပြာရောင် ချည်သား ဝမ်းဆက်လေးနှင့် ချာတိတ်မလေးအား ကြည့်ရင်းပင် ပြုံးလိုက်မိတော့သည် ။

_____________
_____________

"ဖွားငြိမ်းရေ ..ဖွားငြိမ်း "

မနက်ခင်း ခြောက်နာရီပင်မထိုးသေး..အိမ်အောက်ထပ်မှ ဆူညံသံကြောင့် အံ့ နိုး လာခဲ့သည် ။ ဖွားဖွားကလည်း ဘုရားဝတ်ပြုနေရာမှ ဦးချနေသည် ကို အံ့ ဘုရားခန်းတံခါးဖွင့်ထား၍ လှမ်းမြင်လိုက်သည် ။

"ဒီနေ့ကော ဘာအရေးကြီးကိစ္စများလဲ အမွှေစိန် ။ "

"တွေ့လား..အဲလူကြီးက ချယ့်ကိုဆို မဟုတ်တဲ့ နာမည်တွေ ခေါ်ပြန်ပြီ ။ "

မသိဘူး...ချစ်တယ်[ GL Short Story Completed ]Where stories live. Discover now