Final ( Uni )

1.2K 78 1
                                    

မသိဘူး...ချစ်တယ်

Final

Unicode

"ချာတိတ် "

ရင်းနှီးနေသည့် ခေါ်သံ ကို ချယ် ကြားလိုက်ပေမဲ့ ဟုတ်လောက်မည်ဟုတော့ မထင်ထားမိခဲ့ ။ ထို့ကြောင့် လှည့်မကြည့့်ဖြစ်ဘဲ ကားပါကင်သို့ဆက်လျှောက်လာခဲ့သည် ။

"လမ်းလျောက်တာကလည်း မြန်လိုက်တာကွာ ။ "
ညာဘက်လက်အား နောက်မှလှမ်းဆွဲလာသည်မို့ လှမ်းနေသည့် ခြေလှမ်း တို့ရပ်ကာ နောက်လှည့်ကြည့်လိုက်မိသည် ။

"ဘာလဲ..ဘာလာလုပ်တာလဲ ။ "

"ကိုယ် နဲ့ ခဏလိုက်ခဲ့ပါလား..သိပ်မကြာပါဘူး ။ "
"မလိုက်နိုင်ပါဘူး ။ ဖေဖေ နဲ့ မေမေ လာကြိုတယ် ။ အကြာကြီး စောင့်နေရလိမ့်မယ် ။ "

"ဟဲဟဲ..ရတယ် ချယ် ။ ငါပဲ အရင် အန်တီတို့ဆီ သွားလိုက်မယ် ။ နင်လိုက်သွားလိုက်တော့ ။ ဒေါက်တာအံ့ ခေါ်သာသွားလိုက် ။ "

ချယ် ငြင်းနေသည်ကို အလိုက်မသိသော အေမီ က အတင်းထည့်နေသည် ။ ဟိုလူကြီး ကလည်း အသက်ကြီးလာလေ အားများပိုကောင်းလာလေလားမှတ်ရတယ် ။ ချယ့်လက် ကိုမလွှတ်တမ်းပင် ဆုပ်ကိုင်ထားသည် ။

"ဘယ်ကိုမောင်းနေတာလဲ ။ "

"ရောက်ရင်သိမှာပေါ့ ။ "

"ကျစ်! ပြောတော့ သိပ်မကြာပါဘူးဆို ။ ဒါ ဘာသဘောလဲ ။ "

ဘေးနားတွင် အလိုမကျစွာ မျက်နှာလေးက စူပုပ်ပုပ် ဖြစ်နေသော်လည်း အံ့ အတွက်တော့ ထိုမျက်နှာလေးကအချစ်ပိုစေပါသည် ။

ချယ် မေးနေသည်ကိုလည်း လူကြီး ကတော့ ပြန်မဖြေဘဲ ခပ်ပြုံးပြုံး မျက်နှာထားဖြင့်သာ ကားကိုမောင်းနေခဲ့သည် ။ တဖြည်းဖြည်း ရောက်လာခဲ့သည်က သူမတို့ ပထမဆုံး နှင့် နောက်ဆံုံး အကြိမ် အနမ်းပေးခဲ့ဖူးသော နေရာ..။

"ကိုယ့်ကိုအခွင့်အရေးနောက်တစ်ကြိမ်ပြန်ပေးနိုင်မလား ။ "

"ကျွန်မမှာသားလေးတုန်တုန် ရှိတယ်ဆိုတာမသိဘူးလား ။ "

သူပြန်ပြီးခွင့်တောင်းတာနှင့် ချယ် က လွယ်လွယ်ကူကူ လက်ခံစရာလား ။ ထားခဲ့တုန်းကတောင် စာတစ်စောင်ပဲထားခဲ့သည့် လူကြီးလေ ။

မသိဘူး...ချစ်တယ်[ GL Short Story Completed ]Dove le storie prendono vita. Scoprilo ora