မမှီတဲ့ပန်း မလှမ်းကောင်း(Z,U)

75 8 3
                                    

Zg

" ခိုင် ကိုကိုတို့ လမ်းခွဲရအောင် ...ကိုကို မမထား နဲ့ လက်ထပ် တော့မယ် "

ခိုင် အသက်မပါတဲ့ အပြုံးတုလေးတစ်ခု ကိုကို့ရှေ့ ဖန်တီးပေးလိုက်မိတယ်။ခိုင် ကြိုသိထားပြီးသားပါ။ တစ်နေ့ ကိုကို ဒီစကားပြောလာမယ် ဆိုတာကိုလေ ။

အခုတော့ ကိုကို တကယ်ကို ပြတ်ပြတ်သားသား ပြောနိုင်ခဲ့ ပြီပေါ့ ။ ကိုကို့ မျက်ဝန်းတွေ ကြည့်ယုံနဲ့ ခိုင် သိပါတယ် ။ ကိုကို ခိုင့်အပေါ် တကယ်ကို ပြတ်သားနိုင်သွားခဲ့ပြီပဲ ။

မမထား ။ အင်း...ကိုကိုနဲ့ တကယ်ကို လိုက်ဖက်လွန်းတဲ့ အမျိုးသမီးလေးပေါ့ ။

မမထားက ခိုင် အလုပ်လုပ်နေတဲ့ အထည်စက်ရုံပိုင်ရှင် ။ တစ်ခါ မြင်ဖူးရုံနဲ့ သမင်လည်ပြန်ကြည့် ရလောက်အောင်အထိ ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူ ။ မမထားက အရာရာပြီးပြည့်စုံပြီး ထက်မြတ်တဲ့ မိန်းမသားတစ်ဦး ။ ယောက်ျား‌ တိုင်းရဲ့ စိတ်ကို လွှမ်းမိုးနိုင်တဲ့ အလှပဂေး။

ကိုကို...။ မြို့မျက်နှာဖုံး ဂုဏ်သရေရှိ အသိုင်းအဝိုင်းကြီးထဲက သူဌေးသားလေးတစ်ယောက် ။ ကိုကိုနဲ့ မမထားက နေနဲ့လ ရွှေနဲ့မြ ပေါ့ ။ မြင်သူတကာ အားကျစရာ ကောင်းလောက်တဲ့အထိကို လိုက်ဖက်လွန်းလှတဲ့ နတ်ဖက်တဲ့ စုံတွဲ ။ခိုင်နဲ့ ကိုကိုက ဆီနဲ့ရေလို ပေါ့လေ ။ လုံးဝကို မအပ်စပ်တဲ့ အရာ ။

ဟက်....ရယ်တော့ ရယ်ရသား ။ ကံကြမ္မာကြီးရဲ့ လုပ်ဇာတ်လို့ပဲ ပြောရလေမလား ။

သူဌေးသားလေး ကိုကိုက အထည်စက်ရုံက စက်ချုပ်သမားလေး ခိုင့်ကို မြင်မြင်ချင်း ချစ်မိသွားလို့ပါတဲ့လေ ။ အို....ဘယ်ပြောကောင်းမလဲ....ခိုင်တို့များ ငယ်ငယ်ချောချော သူဌေးသားလေးကို ဘယ်လို အကြောင်းပြချက်နဲ့များ ငြင်းဆိုရက်လေ မလဲ ။

ကိုကိုနဲ့ ချစ်သူဖြစ်ပြီးသွားမှ သိလိုက်ရတာက ကိုကိုက ခိုင်အလုပ်လုပ်တဲ့ စက်ရုံပိုင်ရှင် မမထားရဲ့ သတိုးသားလောင်းဆိုတာကို ။ အခုအချိန်မှတော့ ခိုင် ဘယ်လိုများ လုပ်ရပါတော့မလဲ ။ ခိုင့်ရဲ့ အနက်ရှိုင်းဆုံးဆိုတဲ့ နေရာအထိ ကိုကိုက လွှမ်းမိုးထားနိုင်ခဲ့ပြီလေ ။ ခိုင် ကိုကို့ကို တုနှိုင်းမရအောင် အချစ်ကြီး ချစ်နေမိပြီ ။

One short Collection (Normal) Where stories live. Discover now