Ex-boyfriend or Lover ?

4.4K 321 384
                                    

[Unicode]

နီညိုရောင်နံရံများ ဘေးပတ်လည် ကာရံထားသည့် အခန်းကျင်းလေးဝယ်။ အနက်ရောင် ဆိုဖာရှည်တစ်ခုသည် တည်ရှိပြီး ၎င်း၏အရှေ့တွင် ကြိမ်ဖြင့်ပြုလုပ်ထားသည့် တစ်ယောက်စာထိုင်ရုံဒန်းငယ်လေးတစ်ခုရှိသည်။

အနက်ရောင်ဆိုဖာရှည်‌တွင် ထိုင်နေသည့် ယောကျာ်းသားတစ်ယောက်သည် သူ့အရှေ့ဒန်းပေါ်၌ စီးကရက်ကို တရှိုက်ရှိုက်မက်မက်ဖွာသောက်နေသည့် အမျိုးသားအား မမှိတ်မသုန်စိုက်ကြည့်နေသည်။ နှစ်ယောက်လုံး၏ အသက်အရွယ်သည်ကား တူညီပုံရသည်။

ညနေခင်းဆည်းဆာ၏ ရောင်ခြည်လှလှသည် ထိုအခန်းငယ်အတွင်းကိုတော့ မရောက်ရှိနိုင်ပါ။ လိုအပ်သည်ထက် ပို၍ မှောင်မိုက်နေသည့် အခန်းထဲတွင် စားပွဲတင်အီလက်ထ‌ရောနစ်မီးအိမ်လေးတစ်လုံးသာရှိပြီး ထိုမီးရောင်သည်သာ သေးငယ်သည့်အလင်းကို ဖြန့်ကျင်းပေးနေသည်။

" လမ်းခွဲရအောင် ထယ်ဟျောင်း "

ဒန်းပေါ်ထိုင်နေသည့် အမျိုးသားဆီမှ အေးစက်စက်လေသံသည် မှေးမှိန်နေသည့် အခန်း၏သဏ္ဍာန်ကို ပို၍ ပီပြင်စေသည်။ ထယ်ဟျောင်းဆိုသည့် အနက်ရောင်ဆိုဖာပေါ်မှ လူကိုတော့ အပြုံးတစ်ပွင့်ဖြစ်ပေါ်စေ၏။

" အတည်ပြောနေတာလား ဘေဘီ "

" ကျစ်! ဘေဘီလို့ မခေါ်စမ်းနဲ့ "

ထယ်ဟျောင်း၏ တည်ကြည်လေးနက်‌နေခဲ့သောအသံနောက်တွင် စီးကရက်သောက်နေသော အမျိုးသားလေး၏ အလိုမကျသံသည် ခက်ထန်စွာ ထွက်ပေါ်လာခဲ့သည်။

" အတည်ပြောနေတာလား ဂျောင်ဂု "

အရုပ်တစ်ရုပ်ကို သံပက်ပေးထားသည့်နှယ် မဆိုင်းမတွပင် ထွက်ပေါ်လာသည့် ထယ်ဟျောင်း၏အသံသည် တည်ငြိမ်နေပါသေးသည်။

ဂျောင်ဂုသည် စီးကရက်ကို အညိုရောင်ပြာခွက်ထဲ ဖိချေလိုက်သည်။ နှုတ်ခမ်း၌ မဲ့ပြုံးတစ်ခုကို လှလှပပချိတ်ဆွဲထားသည်။ ထိုအပြုံးတွင် အဆိပ်တွေပါသည်။ သို့သော် ထယ်ဟျောင်းဆိုသည့်လူသည် အဆိပ်ကိုမှ တပ်မက်မိသည့် အချစ်ရူးတစ်ယောက်ပင်။

ဟုတ်တယ်။ ဂင်ထယ်ဟျောင်းဆိုတဲ့ ကျွန်တော်က သိပ်ကို ရူးသွပ်လွန်းပါတယ်။ လောကမှာ ခေါင်းစဉ်ပေါင်းမြောက်များစွာနှင့် အရူးပေါင်းမြောက်များစွာရှိသည့်အနက် အချစ်ရူးဖြစ်ရသည်ကလည်း ကံကဖန်တီးပေးသည့် လက်ဆောင်လို့သာ ကျွန်တော်မှတ်ယူမည်။

Ex-boyfriend or Lover ? [ One Shot ]Donde viven las historias. Descúbrelo ahora