မမုန်းခဲ့ဘူး...မောင်

304 23 2
                                    

သာယာတဲ့နံနက်ခင်းမှာလူအများကပျော်ရွှင်စွာနိုးထပေမယ့် မှိုင်းအတွက်တေု့စိတ်ရှုပ်စရာနေ့တစ်နေ့ပင်။ဒီနေ့မှိုင်းသိပ်ချစ်ရတဲ့အမျိုးသားနဲ့လက်ထပ်ရမည့်နေ့ပင်ဖြစ်သည်။သို့ပေမယ့်မှိုင်းမပျော်ရသည့်အကြောင်းမှာသိပ်ချစ်ရတဲ့သူရဲ့မိဘတေကြောင့်သာဖြစ်သည်။

''အဆင်သင့်ဖြစ်ပြီလားမှိုင်း´´

''အဆင်သင့်ဘဲမောင်´´

''မျက်နှာလည်းမကောင်းပါလားမှိုင်း
မပျော်လို့လား´´

''ငါမောင့်အသိုင်းဝိုင်းထဲမဝင်ချင်သေးဘူး
မောင်´´

''ဘာပြောလဲမှိုင်း´´

''မောင်ကြားတဲ့အတိုင်းပဲမောင်၊မောင့်အသိုင်းဝိုင်းအကြောင်းမောင်အသိဆုံးနေမှာပါ
မှိုင်းမောင့်ကိုချစ်လွန်းလို့အရာရာကိုမသိချင်ယောင်ဆောင်ခဲ့တာမောင်သိတယ်မှတ်လား´´

''ဟုတ်ပြီမောင်သိပြီမို့သွားကြမယ် အခုနောက်ကျနေပြီ´´

မောင့်မျက်နှာကမလှမပဖြစ်နေခဲ့သည်။
ဒါပေမယ့်မတတ်နိုင်ဘူးမောင်၊မောင့်အသိုင်းဝိုင်းကသိပ်ပူလောင်တယ်၊သိပ်အတ္တကြီးတယ်ငါ့ကိုယောက်င်္ကျားဖာလို့ပြောတာတောင်ငါမမှုဘူးမောင်၊ဘာလို့လည်းသိလားမောင့်ကိုသ်ိပ်ချစ်လို့ဘဲမောင်၊မောင်သာငါ့ဘက်ကရပ်တည်ပေးရင်ငါအရာအားလုံးကိုရင်ဆိုင်နိုင်တယ်မောင်။

''ရောက်ပြီမှိုင်း မောင်တောင်းဆိုပြရစေမှိုင်း
မောင့်မိဘရှေ့မောင့်အသိုင်းဝိုင်းရှေ့မောင့်မိဆွေတေရှေ့မှာမရိုင်းဘူးလို့´´

''ဘာပြောတာလဲမောင်၊ ငါကရိုင်းတယ် အော်နောက်ဆုံးတော့လည်းမောင်လည်းငါ့ဘက်မှာရှိမနေခဲ့ဘူးဘဲ´´

''မဟုတ်ဘူးမှိုင်း မောင်ပြောတာအဲ့လိုမဟုတ်
ဘူး´´

''ဟုတ်ပြီမောင် မှိုင်းနားလည်ပြီမို့အိမ်ထဲဝင်ကြမယ်´´

''မောင်...တောင်း´´

မောင့်ရဲ့တောင်းပန်စကားကိုမကြားချင်တာနဲ့မှိုင်းကားပေါ်ကဆင်းခဲ့လိုက်သည်။အိမ်အပေါက်ဝတွင်မောင့်ကိုစောင့်မျှော်နေကြတဲ့မောင့်အမျိုးတေမောင့်မိတ်ဆွေတေမောင့်မိဘတေမှိုင်းကိုလည်းမြင်ရော မျက်နှာက​မတူမတန်သလိုဖြစ်သွားကြသည်။ဒါကိုမှိုင်းမမှူပါ ဒါကတော့မောင့်ကြောင့်ပဲ ဒီနေ့ကမောင့်ကိုပိုင်ဆိုင်ရမယ့်နေ့ဆိုတော့အရာအားလုံးကိုသည်းခံလိုက်မယ်။ဒါတေအားလုံးကမောင့်ကြောင့်ဘဲ။

မမုန်းခဲ့ဘူး...မောင်Where stories live. Discover now