ကြယ်ရောင်မှိန်မှိန်သာလင်းသည့်ကောင်းကင်က ဒီနေ့မှပိုကာမှောင်မှိုင်းနေသယောင်။ ရထားတွဲခုတ်မောင်းသံနှင့် လူတချို့၏ဟောက်သံမှလွဲ၍ တစ်လောကလုံးတိတ်ဆိတ်နေသည်။ ချောင်အကျဆုံးထိုင်ခုံ
တွဲမှာထိုင်ကာ အမှောင်ထုထဲငေးနေတဲ့သူကတော့ အိပ်မပျော်နိုင်ခဲ့ပါချေ။ နိုဝင်ဘာဆောင်း၏အေးမြတဲ့လေညှင်းလေးတွေက ဖွင့်ထားသည့်ပြတင်းပေါက်ကနေတစ်ဆင့် တိုးဝင်လာကြသည်။ မြတ်နိုးရပါတဲ့ချစ်သူဝတ်နေကျ ဖလန်နယ်အင်္ကျီလေးကသူ့ကိုယ်ပေါ်မှာ သူ့ကိုအအေးဒဏ်ကနေ သေသေချာချာကာကွယ်ပေးထားပါရဲ့။ မကြာခင်ရထားဆိုက်တော့ပေမည်။ အပုန်းကောင်းတဲ့သူ့ချစ်သူလေးတစ်ယောက်ကတော့ဖြင့် သူ့ကိုမြင်တဲ့အခါပျော်သွားလေမလား။ ခရီးဝေးအထိနှင်လာလို့ပဲအပြစ်တင်စကားဆိုလေမလားမသိပါပေ။ ချစ်ရသူရဲ့ဘယ်လိုတုံ့ပြန်မှုမျိုးပင်ဖြစ်ပါစေ သူတကယ်ကိုမြင်ချင်မိပါ၏လေ။တစ်နှစ်ရှိခဲ့ပြီ။
မြတ်နိုးရတဲ့သူဟာသူ့ရင်ခွင်ကနေ ထွက်ပြေးသွားခဲ့တာအခုဆိုတစ်နှစ်ရှိလေပြီ။ ဒီတစ်နှစ်အတွင်းရူးမတတ်ရှာပုံတော်ဖွင့်ခဲ့တဲ့သူ့ကို အဆုံးမတော့ဘုရားကသနားဆုလေးကမ်းလင့်ပါရဲ့။
ဥဩဆွဲသံနှင့်အတူ စီးနင်းလာတဲ့ရထားကရပ်သွားခဲ့သည်။ တစ်ယောက်သောသူရဲ့မွေးရပ်မြေကိုခြေချလိုက်သည့်အခါမှာတော့ ထိုသူ့အစားလေနုအေးတွေက ပွေ့ဖက်စီးကြိုပါ၏။ တစ်မြေတည်းမှာရှိနေတယ်ဆိုတဲ့အသိနဲ့တင် မျက်ရည်ဝဲရပါသည်။ သူဘယ်လောက်ထိလွမ်းနေခဲ့ရသလဲသူသာအသိဆုံးပါလေ။ အိတ်ထဲကဘူးအမည်းရောင်လေးကို ဖွဖွဆုပ်ကိုင်ရင်း ဒီတစ်ခါတော့ထပ်ပြီးထွက်မပြေးတော့မှာသေချာသည့် ချစ်ရသူရှိတဲ့နေရာဆီ သူ့ခြေလှမ်းတွေအရောက်ပို့မိပါတော့၏။
❄️
ကျောင်းတွေစတက်ရတဲ့နေ့ဖြစ်ပေမဲ့ ဒါတွေကဆယ်ဟွန်းနှင့်မဆိုင်ပါပေ။ ပညာသင်ခါစအရွယ်ကတည်းက အိမ်နေသင်ကြားရေးနှင့်သာ ကြီးပြင်းလာသူမို့ ကျောင်းဝန်းထဲခြေပင်ချစရာမလိုခဲ့။ တစ်ပတ်အတွင်းသူ့မိဘတွေခေါ်ပေးထားတဲ့ ဆရာတွေကသူ့အိမ်ကိုရောက်လာလိမ့်မည်။ ဆယ်ဟွန်းရဲ့အလုပ်ကအိမ်မှာစာထိုင်ဖတ်နေရုံသာ။
YOU ARE READING
Dearest Stranger
Fanfictionမနှစ်ကရေးထားခဲ့ပြီး အခုမှပြန်တင်ဖြစ်တာလေးပါ~ ဒီတိုင်း SeBaek ကိုလွမ်းခဲ့သည်ရှိသော် ဒါလေးကအလွမ်းပြေဖို့မျှော်လင့်ရင်း...